
နေပြည်တော် ဒီဇင်ဘာ ၇
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဧည့်သည်တော်များ တည်းခိုမည့်နေရာ၊ ဂုဏ်ပြုညစာ စားပွဲအခမ်းအနား ကျင်းပမည့်နေရာ၊ ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပမည့်နေရာနှင့် ဂုဏ်ပြုယာဉ် များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ ဆိုင်ခန်းများ ခင်းကျင်းရောင်းချမည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်များ တည်းခိုနေထိုင်မည့် နေပြည် တော် အားကစားလေ့ကျင့်ရေးစခန်းတွင် 315 KVA ထရန်စဖော်မာအပြင် 200 KVA ထရန်စဖော်မာ ထပ်မံဖြည့်စွက်ဆောင်ရွက်ရန်နှင့် ဂုဏ်ပြုပွဲအခမ်း အနား ကျင်းပမည့်နေရာများတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ရန်၊ အရန်မီးစက်များနှင့် ထရန် စဖော်မာ အနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ချုံနွယ်ပေါင်းပင်များအား ရှင်းလင်း ဆောင်ရွက်ရန်၊ အရန်မီးစက်များ Full Load ဖြင့် စမ်းသပ်မောင်းနှင်ခြင်း ပြုလုပ်ထားရန်နှင့် စနစ် တကျ တာဝန်ခွဲဝေပေးအပ်ထားရန်၊ အရန်မီးစက်များ ကို အမိုးအကာဖြင့် စနစ်တကျထားရှိရန်၊ ထရန် စဖော်မာ အဝင်အထွက်ကြိုးများ အန္တရာယ်မဖြစ်ပေါ် စေရေး စနစ်တကျဆောင်ရွက်ထားရန်၊ အကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရန်ဓာတ်အားလိုင်းဖြင့် ဓာတ်အားပြန်လည် ချိတ်ဆက်ပို့လွှတ်နိုင်ရေး တာဝန်တိကျစွာချထား ရန်နှင့် အခမ်းအနား မကျင်းပမီ ဒုတိယအကြိမ် ထပ်မံ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်၍ မှာကြားချက်များ ကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်