
နေပြည်တော် ဒီဇင်ဘာ ၆
နေကြာမျိုးစေ့ထုတ် စိုက်ခင်းမျိုးစေ့ချ သရုပ်ပြစိုက်ပျိုးခြင်းနှင့် နေကြာစိုက် တောင်သူများအား မျို့စေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး က ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာစိုက်ပျိုးထားရှိမှု အခြေအနေများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး ဒေသခံတောင်သူများက လယ်ယာသုံး စက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုမှု၊ ရေငန်တားတမံများ ဆောင်ရွက်ပေးစေ လိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုး ခြင်းအတွက် ထောက်ပံ့ပေးစေလိုမှုနှင့် စပ်လျဉ်း သည့် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် နေကြာစိုက်တောင်သူများအား မျို့စေ့ နှင့် သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ပြီး(ယာပုံ) တောင်သူ ဦးအုံးသွင်၏ လယ်မြေ ပေါ်တွင် မျိုးစေ့ချ စက်ကိရိယာဖြင့် ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ချ စိုက်နည်းစနစ် သရုပ်ပြစိုက်ပျိုးမှု ကို ကြည့်ရှုအားပေးသည်။
မွန်ပြည်နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ် ဆောင်း သီးနှံ နေကြာစိုက်ပျိုးရန် စိုက်ဧက ၆၁၃၄ ဧကကျော် လျာထားပြီး နေကြာစိုက်တောင်သူများအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် အရည်အသွေးမြင့် ယူရီးယားမြေသြဇာ ၄၆၇ ဒသမ ၅၅ တန်ကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်