
နေပြည်တော် ဒီဇင်ဘာ ၆
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မ များ၊ (၇၅) နှစ် စိန်ရတုတိုင် ဖြတ်သန်းခဲ့သည့် လွတ်လပ်ရေး၏ အနှစ်သာရများ၊ သမိုင်း မှတ်တမ်းတစ်လျှောက် အစဉ်အလာကီးမားခဲ့ သည့် လွတ်လပ်ရေးနေ့၏ ပုံရိပ်များနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်မည့် မွန်မြတ်သော ရည်ရွယ်ချက်များ အစရှိသည် တို့ကို ဖော်ညွှန်းရေးသားထားသော ဆောင်းပါး များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်။
ဆောင်းပါးပြိုင်ပွဲကို မည်သူမဆို ကြိုက် နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပုံနှိပ်ဖော်ပြခြင်းမရှိသေးသည့် စာမူများအား Pyidaungsu Font Size 13 ဖြင့် စာမျက်နှာ (၅) မျက်နှာမှ (၇) မျက်နှာအထိ ကွန်ပျတာစာစီ ၍ ရေးသားပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်စာမူနှစ်စောင်နှင့် Softcopy CD တစ်ခွေကို ကိုယ်တိုင်ရေးစာမူဖြစ် ကြောင်း ဝန်ခံချက်ရေးသား၍ လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ ပေးပို့ ရမည်။ ပြိုင်ပွဲဝင်ဆောင်းပါးများကို အများပြည်သူ အကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာ ပို့ချမ များတွင် အသုံးပြုခြင်းကို သဘောတူခွင့်ပြုရ မည်။
ပြိုင်ပွဲဝင်စာမူများကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ စာမူစိစစ် ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေး မှူး (ထုတ်လုပ်) ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (၂၂၈) သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့သို့ ဆက်သွယ် ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက် ကျော်လွန်၍ ပေးပို့လာသောစာမူများကို ပြိုင်ပွဲ ဝင်ဆောင်းပါးအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။ သတင်းစဉ်