မြစ်ကြီးနားမြို့နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုအားကောင်းပြီး ထုတ်ကုန်များ တိုးမြှင့်နိုင်ရေး ဆောင်ရွက်

 

မြစ်ကြီးနား   ဒီဇင်ဘာ  ၃


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပိုမိုအားကောင်းခိုင်မာ လာစေပြီး ရေရှည်ရပ်တည်နိုင်ရေး၊ ကုန်ထုတ်လုပ်မှု များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပံ့ပိုးကူညီနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် နိုဝင်ဘာ ၃၀ ရက်က ကွင်းဆင်းကြည့်ရှုပြီး  လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်သည်     ပြည်နယ်အစိုး အဖွဲ့ဝင်  ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ   TOP   တံဆိပ်    အသင့်စားအမဲသား ခြောက်စပ် ကုန်ထုတ်လုပ်မှု လုပ်ငန်း၊  မန်ခိန်ရပ်ကွက် ရှိ “ဆွေ”တံဆိပ် ဒေသထွက်ပယင်းဖြင့် လူသုံးကုန်/ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုလုပ်ငန်း၊  Hu Ha  တံဆိပ်ဖြင့်  အသင့်စား   အမဲသားခြောက် ကင် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို  လှည့်လည်ကြည့်ရှုကာ ဈေးကွက်ရရှိမှုအခြေအနေ၊ ရင်းနှီးမတည်နိုင်မှုအခြေအနေနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍        ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး လိုအပ်သည့် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး၊ ကုန်ထုတ် လုပ်မှုများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်စေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊   အစုအဖွဲ့ပုံစံဖြင့် ချေးငွေများ ကို ရင်းနှီးမတည်ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂါရာဇွပ်ကျေးရွာအုပ်စုအတွင်း မြစ်ဆုံသွားလမ်းပေါ်ရှိ Y Garden    အပန်းဖြေဥယျာဉ်သို့    သွားရောက်ပြီး အပန်းဖြေဥယျာဉ်၏   မြေဧရိယာ ၂၆ ဧကပေါ်တွင် စားသောက်ဆိုင်များ၊ တည်းခိုရန်နေရာများ၊ ရေကူး ကန်နှင့် ရေပန်းဥယျာဉ်များ၊   သစ်ပင်ပန်းမံများဖြင့် အလှဆင်ယင်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများ ကို   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး   ပြည်နယ် ဝန်ကြီးချုပ်က    အပန်းဖြေစခန်းလုပ်ငန်းသည် ပြည်နယ်၏   ခရီးသွားကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်      များစွာအထောက်အကူဖြစ်စေသည့် လုပ်ငန်းတစ်ခုဖြစ်သလို  ရင်းနှီးမြှုပ်နှံမှုများစွာဖြင့်  လုပ်ကိုင်ရသည့်        လုပ်ငန်းတစ်ခုဖြစ်သည့် အတွက်  လိုအပ်သည်များကို   ပံ့ပိုးကူညီပေးနိုင်ရန် ဌာနဆိုင်ရာများနှင့်     ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

 


ထို့နောက်      အောင်မြင်သာကျေးရွာအနီးရှိ Yup(ယွပ်) Family အပန်းဖြေဥယျာဉ်စခန်း ဧရိယာ အတွင်း စပျစ်ပင်များ   စိုက်ပျိုးထားရှိမှု၊  ဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် မြေယာရှုခင်းများ ပြုပြင်ဆောင်ရွက်ထားရှိမှုများကိုလည်း  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)