
ပေကျင်း ဒီဇင်ဘာ ၁
တရုတ်နှင့် လာအိုနိုင်ငံခေါင်းဆောင်များသည် စီးပွား ရေးဆက်ဆံမှု တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။ လာအိုသမ္မတ သွန်လွန်းဆီဆိုလစ် ၏ ပေကျင်း ခရီးစဉ်အတွင်း ထိုသို့ ကတိပြုခဲ့ကြခြင်းဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာအိုသမ္မတနှင့် နိုဝင်ဘာ ၃၀ ရက်ကတွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော လာအိုနိုင်ငံတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ကို ပိုမိုလုပ်ဆောင်သွားရန်နှင့် ၎င်း၏ထုတ်ကုန်များ ကို ပိုမိုတင်သွင်းသွားရန် တိုက်တွန်းသွားမည်ဖြစ် ကြောင်း ရှီကျင့်ဖျင်က ပြောကြားသည်။
တရုတ်နိုင်ငံက ထောက်ပံ့ထားသော အခြေခံ အဆောက်အအုံစီမံကိန်းများသည် လာအိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်း ကဏ္ဍမှပါဝင်ကြောင်း သွန်လွန်းဆီဆိုလစ်က ပြော သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှ လာအို မြို့တော် ဗီယန်ကျင်းသို့ ဆက်သွယ်ထားသော ကီလို မီတာ ၁၀၀၀ ခန့်ရှိသည့် ရထားလမ်းတည်ဆောက် ခြင်းကို လွန်ခဲ့သောနှစ်က စတင်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် ကြီးမားသော စီးပွားရေးဇုန်တစ်ခု ဖန်တီးရန် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်ရေးအောက်ရှိ အထင်ကရစီမံကိန်း တစ်ခုဖြစ်သည်။
နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတွင် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန် ခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။
သွန်လွန်း၏ တရုတ်နိုင်ငံသို့ သုံးရက်ကြာခရီးစဉ် သည် လွန်ခဲ့သောနှစ် သမ္မတတာဝန်ယူသည့်အချိန်မှ စကာ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်တစ်ခု ဖြစ်သည်။
အင်န်အိတ်ချ်ကေ