
နေပြည်တော် ဒီဇင်ဘာ ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့တွင် ကျင်းပမည့် နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ (Inter-national Fleet Review-IFR) သို့ တက်ရောက်ရန်အတွက် တပ်မတော် (ရေ) မှ ဗိုလ်မှူး ကြီး သိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ ပါဝင်သည့် စစ်ရေယာဉ် (ကျန် စစ်သား) သည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) မှ ထွက်ခွာရာ သန်လျင်တပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များက ပို့ဆောင် နှုတ် ဆက်ကြသည်။
အဆိုပါ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (Interna-tional Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့တွင် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်ရေယာဉ် (ကျန်စစ်သား) အပါအဝင် နိုင်ငံ တကာမှ စစ်ရေယာဉ်များ ပါဝင် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်