ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဒီဇင်ဘာ   ၁ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ် အဖွဲ့ကို   ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး၏   ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Solar စွမ်းအင်နှင့် အသေးစား ရေအားလျှပ်စစ်ဆိုင်ရာတို့ကို မြန်မာနိုင်ငံနှင့်  ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်