
ကျောက်တော် ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါ ကူးစက်ခံရသူ ပြည်သူများ အတွက် အာဆီယံပေါင်းသုံးနိုင်ငံ ၏ APTERR Tier 3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက် တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အမှာစကား ပြောကြားပြီး ကျောက်တော်မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနဦးစီးမှူး ဦးဇော်သန့် အောင်က ဆန်များ ထောက်ပံ့ ပေးအပ်ရခြင်း အကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်း နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းတွင် ရောဂါ ကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူ အား APTERR Tier 3 အစီအစဉ် ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်များကို ထောက်ပံ့ပေးအပ် သည်။ (ဝဲပုံ) အဆိုပါအခမ်းအနား သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)