(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၃၀


၂၀၂၃ ခုနှစ်  (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်  ပဒေသာကပွဲ ပဉ္စမနေ့ကို ယနေ့ ညနေပိုင်းတွင်    နေပြည်တော်    မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။

 


ပဒေသာကပွဲသို့         ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်း၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊   ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ     ဌာနဆိုင်ရာ    အကြီးအကဲများ၊ တပ်မတော်မှ အရာရှိကြီးများနှင့်  ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့်   ပြည်သူများ    စည်ကား သိုက်မြိုက်စွာ     တက်ရောက်ကြည့်ရှုအားပေးကြ သည်။

 


ဖျော်ဖြေတင်ဆက်


ပဒေသာကပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန    အနုပညာဦးစီးဌာနမှ   အနုပညာရှင် များက   ဦးနန်းညွန့်ဆွေ   (မန္တလေး)   ဇာတ်ညွှန်း ရေးဖွဲ့သည့်  “အသက်ထက် မြတ်သော   ဂုဏ်သိက္ခာ”  ဆိုသည့် ဖြစ်ရပ်မှန်သမိုင်းကို   အခြေပြုတင်ဆက် ထားသည့်   ပြဇာတ်ကြီးကို   ဖျော်ဖြေတင်ဆက်ကြ သည်။

 


အဆိုပါ ပြဇာတ်ကြီးကို မြန်မာ့သမိုင်းတွင်   ရတု ရေးသားရာ၌   တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏       သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့်အတက်အကျတွင်  လိုက်ပါ ခဲ့ရသည့် ရာဇဓာတုကလျာ၏  ရင်နင့်ဖွယ်ရာ ဖြစ်ရပ် နှင့်အတူ    ပဒေသရာဇ်များ၏  အားပြိုင်မှုမှ ဖြစ်ပေါ် လာသော နိုင်ငံရေး၊  စစ်ရေး အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည် သာမက အနုသုခုမပညာတွင်လည်း   လက်ရာပြောင် မြောက်ခဲ့သော     နတ်သျှင်နောင်သည်   မိမိတို့၏ နိုင်ငံတွင်းပြဿနာကို     ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို   အကြွင်းမဲ့ယုံစား၍   ပူးပေါင်း ဆောင်ရွက်မိသဖြင့်    မလှပသောသမိုင်း   နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏  သတိမှုစရာ သင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့်   တင်ဆက်ပြသ ခြင်း ဖြစ်သည်။

 


စီစဉ်ဆောင်ရွက်ထား


အဆိုပါ “အသက်ထက်မြတ်သော   ဂုဏ်သိက္ခာ” ဇာတ်ကြီးကို    ၂၀၂၃  ခုနှစ်တွင်     ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကြီး၌     အများပြည်သူများကို ဆက်လက်      ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ 

 


ဖျော်ဖြေတင်ဆက်မှုအပြီးတွင်    ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့်     သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့မှ ဂုဏ်ပြုပန်းခြင်း ဖြင့်လည်းကောင်း ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုဆုငွေ များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှလည်း    ဂုဏ်ပြုဆုငွေများဖြင့် လည်းကောင်း အသီးသီးပေးအပ်ကာ  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     အနုပညာဦးစီးဌာနမှ အနုပညာရှင်များကို   ရင်းရင်းနှီးနှီး    နှုတ်ဆက်ကြ သည်။                       

သတင်းစဉ်