ကရင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ထောက်ပံ့ကူညီ

 

နေပြည်တော်   နိုဝင်ဘာ  ၂၉


ပြည်နယ်၏    စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့်   ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရန်  အသေးစား၊  အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်း များ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး သည်    အဓိကကျသည့်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်      ပြည်နယ် စီးပွားရေးရာဝန်ကြီး     ဦးစော ခင်မောင်မြင့်နှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ယနေ့ နံနက်ပိုင်းတွင်     Hpa-an Silk Factory Soap ပိုးချည်မျှင်လုပ်ငန်း နှင့် ယားအူးရေချို ကရင်ငါးပိလုပ်ငန်းများကို  သွား ရောက် ကြည့်ရှုအားပေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်    သည် တာဝန်ရှိသူများနှင့်အတူ  နံနက် ပိုင်းတွင် ဘားအံမြို့ ဘီးရှော့လမ်း ရှိ   အသေးစား   စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင် ထားသော  Hpa-an Silk Factory Soap     ပိုးချည်မျှင်လုပ်ငန်းသို့ ရောက်ရှိပြီး ပိုးအိမ်များမှ ပိုးချည် ထုတ်လုပ်မှု၊ ပိုးဂွမ်းလက်ကျစ်ချည် ထုတ်လုပ်မှုနှင့်   ဆပ်ပြာထုတ်လုပ် မှုအခြေအနေများနှင့်  ဘားအံမြို့ မြို့တော်ဦးလမ်းရှိ  ယားအူးရေချို ကရင်ငါးပိ      မိသားစုတစ်ပိုင် တစ်နိုင်       ထုပ်ပိုးရောင်းချရေး လုပ်ငန်းသို့            သွားရောက်ပြီး ကုန်ကြမ်းနှင့်    ဈေးကွက်ရရှိမှု၊ အဆင့်မီပြင်ဆင်ထုပ်ပိုးမှု၊ online မှတစ်ဆင့်  နိုင်ငံတကာသို့ တင်ပို့ ရောင်းချမှု      အခြေအနေများကို သွားရောက်ကြည့်ရှု     အားပေးပြီး လုပ်ငန်း    ချဲ့ထွင်လုပ်ကိုင်နိုင်ရေး နှင့်    လိုအပ်သည်များ   ထောက်ပံ့ ပေးနိုင်ရေး          ဆွေးနွေးကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည်  တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး        အစည်း အဝေးခန်းမ(၁)၌   ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ် အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ် မှုကော်မတီ      လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တက်ရောက် ပြီး   SME ချေးငွေများကို စက်မှု ကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီး ဌာနသို့   လျှောက်ထားတင်ပြနိုင် ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ   နွေစပါး၊   ပဲတီစိမ်းနှင့် ဆီထွက်သီးနှံ   စိုက်ပျိုးသူများကို အဓိကထား    ထုတ်ချေးပေးခဲ့ပြီး ထပ်မံ       ထုတ်ချေးလိုသူများကို ကွင်းဆင်းစိစစ်ပြီး  ထုတ်ချေးပေး မည်ဖြစ်ကြောင်းပြောကြားသည်။

 


ထို့နောက်    ပြည်နယ်အဆင့် ဌာနဆိုင်ရာများက    နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ    ဆက်လက် ထုတ်ချေးပေးနိုင်ရေး          မြေပြင် ကွင်းဆင်းစိစစ်မှု၊      ချေးငွေဖြင့် သီးနှံများ        စိုက်ပျိုးပြီးစီးမှုနှင့် မြစိမ်းရောင်   သင်တန်းပို့ချပေးနိုင် ခဲ့သည့်         အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများက   ခရိုင်အလိုက် နိုင်ငံ့စီးပွား     မြှင့်တင်ရေးရန်ပုံငွေ ရယူ၍         သီးနှံစိုက်ပျိုးပြီးစီးမှု၊ ချေးငွေထုတ်ချေးပြီးစီးမှု၊   ချေးငွေ ရယူရန်          ဆက်လက်တင်ပြ တောင်းခံမှု၊  ချေးငွေဖြင့် စိုက်ပျိုး မွေးမြူပြီးစီးမှု  အခြေအနေများကို ရှင်းလင်းတင်ပြကြရာ     ပြည်နယ် ဝန်ကြီးချုပ်က       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး         နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။     

သတင်းစဉ်