ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်ဒေသတွင် PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင်ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၃၀

 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်ဒေသတွင် ထိုင်းနိုင်ငံ PTTEP ၏ ရင်းနှီးမြှုပ်နှံ မှုဖြင့် Integrated Domestic Gas to Power Project ကို စတင်ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်း ဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး PTTEP မှ အမှုဆောင်အရာရှိချုပ် မစ္စတာ ဖုန်စတွန်သာဗီစင် (Mr. Phongsthorn Thavisin) နှင့် ရန်ကုန် မြို့ရှိ PTTEP မှ တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်ဒေသတွင် ၅၉၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို ကမ်းလွန် Offshore Block ဖြစ်သော M-3(အောင်သိင်္ခ) နှင့် M-9 (ဇောတိကစီမံကိန်း) တို့မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ Integrated Domestic Gas to Power Project အား ထိုင်းနိုင်ငံ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် IPP/BOT စနစ်ဖြင့် တည်ဆောက်မည် ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံအတွက် လိုအပ် သော ဓာတ်ငွေ့ပမာဏအား PTTEP ၏ ရှယ်ယာအများစု ပိုင်ဆိုင်သော M-3 (အောင်သိင်္ခ) လုပ်ကွက်မှ ဧရာဝတီ တိုင်းဒေသကြီး၊ ဒေါ်ငြိမ်း Control Station အထိ (၉၂) ကီလိုမီတာခန့်ကို ၁၆ လက်မ ရေအောက်ဓာတ်ငွေ့ ပိုက်လိုင်းဖြင့်လည်းကောင်း၊ M-9 လုပ်ကွက် (ဇောတိကစီမံကိန်း) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက် မှ ဒေါ်ငြိမ်း Control Station အထိ ကီလိုမီတာ (၃၀၀) ခန့်ကို ၂၆ လက်မ ပင်လယ်ရေအောက် ဓာတ်ငွေ့ပိုက်လိုင်း ဖြင့်လည်းကောင်း အသီးသီးပို့လွှတ် ပြီး ၎င်းသဘာဝဓာတ်ငွေ့များကို ဒေါ်ငြိမ်း Control Station တွင် ပေါင်းဆုံ၍ ကျိုက်လတ် (Receiving Station) အထိ ကီလိုမီတာ (၇၀) ခန့်ကို ၂၆ လက်မ ကုန်းတွင်းဓာတ်ငွေ့ ပိုက်လိုင်းကို ကျိုက်လတ်(Receiving Station) သို့လည်းကောင်း၊ ထိုမှ တစ်ဆင့် ဓာတ်အားပေးစက်ရုံစီမံကိန်း အထိ နောက်ထပ် (၆) ကီလိုမီတာခန့် ကို ၁၆ လက်မ ဓာတ်ငွေ့ပိုက်လိုင်းတို့ ဖြင့် အသီးသီး သွယ်တန်း၍ တည် ဆောက်သွားမည့်အပြင် Gas Recei-ving Station နှစ်ခုကိုလည်း သတ်မှတ် နေရာများ၌ အသစ်ထပ်မံ တည် ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား များကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် အတွက် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဖြင့် ကျိုက်လတ်မှ လှိုင်သာယာ ဓာတ်အားခွဲရုံအထိ ဓာတ်အားလိုင်း တည်ဆောက်သွားမည် ဖြစ်ပါ ကြောင်း။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံခန့်ဖြစ်ပြီး Notice to Proceed (NTP) ထုတ်ပေးပြီးနောက် ၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကာ စီမံကိန်း၏ လုပ်ကိုင် ခွင့်ကာလသည် နှစ် (၂၀) ဖြစ်ပြီး နိုင်ငံ တော်သို့ လွှဲပြောင်းပေးရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါစီမံကိန်း ဆောင် ရွက်ရခြင်းသည် သန့်ရှင်းသော စွမ်းအင် (Clean Fuel ) အသုံးပြုသည့် Domestic Gas to Power စီမံကိန်း ဖြစ်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများသည် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီး တစ်ဝိုက်တွင် ဖြစ်ပေါ်လာမည့် စီမံကိန်းများအတွက် လျှပ်စစ်ဓာတ်အား များ လုံလောက်အောင် ပေးပို့နိုင်မည့် အပြင် ပိုလျှံလာသော လျှပ်စစ်ဓာတ်အား များကို နိုင်ငံတော် ဓာတ်အားစနစ် အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူးသွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ် ကာလများအတွင်း စီမံကိန်း ဖြစ်မြောက်နိုင်စေရန်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် သတ်မှတ်အချိန်ကာလအတွင်း အရည် အသွေး ပြည့်ပြည့်ဝဝဖြင့် အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် PTTEP ၏ အမှုဆောင် အရာရှိချုပ် မစ္စတာဖုန်စတွန်သာ ဗီစင်က စီမံကိန်းနှင့်စပ်လျဉ်း၍ မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင် စကားပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် PTTEP ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ဖုန်စတွန်သာ ဗီစင်တို့က စီမံကိန်းအတွက် ထုတ်ပေး သည့် Notice to Proceed အား လက်မှတ်ရေးထိုးကြကြောင်း သိရ သည်။

သတင်းစဉ်