အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edu-tainment) အစီအစဉ်များ ကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၂၁


အဂတိလိုက်စားမှု   တိုက်ဖျက်ရေး ကော်မရှင်၏   ၂၀၂၂-၂၀၂၅  မဟာ ဗျူဟာစီမံချက်ပါ    ၂၀၂၂   ခုနှစ် လုပ်ငန်းအစီအစဉ်    တစ်ခုဖြစ် သည့် “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ   ပညာသင်ယူရာ     ဌာနများတွင် ကျောင်းသား ကျောင်းသူများအား အဂတိလိုက်စားမှု     တားဆီး ကာကွယ်ရေး   အသိပညာပေး နိုင်ရန်” အတွက်   “ဖြောင့်မတ်တည် ကြည်မှု      မြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များ” ပြုလုပ်နိုင်ရေးအတွက်   ပညာရေး ဝန်ကြီးဌာနနှင့်    ညှိနှိုင်းအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့      ဆောင်ရွက်ရာတွင် နေပြည်တော်     ကောင်စီနယ်မြေ အတွင်းရှိ   အခြေခံပညာကျောင်း များတွင်      မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို   ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့်  ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး    ပညာ ပေးအစီအစဉ် (ဆရာကိုင်) စာအုပ် များမှ       သင်ခန်းစာအချို့ကို  ကောက်နုတ်၍     သင်ကြားပို့ချခြင်း များ    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုကဲ့သို့ ကော်မရှင်နှင့် ပညာ ရေးဝန်ကြီးဌာနပူးပေါင်း၍ အခြေခံ ပညာကျောင်းများတွင် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး အစီ အစဉ်များ     ဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင်       ဖြောင့်မတ်တည် ကြည်မှုရှိသည့်     လူမှုအသိုက် အဝန်း   ဖြစ်ပေါ်လာပြီး   နိုင်ငံ့သား ကောင်းများ        ဖြစ်ထွန်းပေါ်ပေါက် လာမည်ဖြစ်သည်။  

  
သတင်းစဉ်