ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၂၁


ပြည်ထဲရေးဝန်ကြီးဌာန    တပ်ဖွဲ့ဝင်/ဝန်ထမ်း    အရာထမ်း၊   အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်    ဆန်ကြာဆံများ    ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်    နေပြည်တော်ကောင်စီ နယ်မြေ   ပုဗ္ဗသီရိမြို့နယ်ရှိ  မင်္ဂလာသီရိပတ္တာကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး   မုံရွာမြို့နယ်ရှိ  မြို့မရွှေ ကြာရုံကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက်၊ မွန်ပြည်နယ်  မော်လမြိုင် မြို့နယ်ရှိ     သာသနရက္ခိတကျောင်းတိုက်၊     ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ထေရဝါဒဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်၊    မင်္ဂလာဒုံမြို့နယ်ရှိ  မဟာအတုလဝေယံဘုံသာ တိပိဋက ရွှေပါရမီ ကျောင်းတိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ ပညာပါရမီကျောင်း တိုက်၊ ရှမ်းပြည်နယ်  ကျိုင်းတုံမြို့နယ်ရှိ  ကျိုင်းလိတ်ကျောင်းတိုက် (အပေါ်ယာပုံ)တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊  မန္တလေးတိုင်း ဒေသကြီး   မဟာအောင်မြေမြို့နယ်ရှိ   ပေပင်ပရိယတ္တိစာသင်တိုက်နှင့်  အောင်မြေသာစံ မြို့နယ်ရှိ  ဖောင်တော်ဦးပရိယတ္တိစာသင်တိုက်၊  ရခိုင် ပြည်နယ်   စစ်တွေမြို့နယ်ရှိ  ရက္ခပူရသာသနာ့ဗိမာန်ကျောင်းတိုက်၊  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကန်ဦးဇေတဝန်ပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည် နယ်    တောင်ကြီးမြို့နယ်ရှိ   သံလွန်းကျောင်းတိုက် နှင့် လားရှိုးမြို့နယ်ရှိ  အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်တို့သို့  ဆန်ကြာ ဆံများကိုလည်းကောင်း  ဆရာတော်၊  သံဃာတော်များအတွက်  တာဝန် ရှိသူများက    သွားရောက်ဆက်ကပ်    လှူဒါန်းခဲ့ကြကြောင်း   သိရ သည်။                                                                      

သတင်းစဉ်