ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၂၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ   အထူးအာဏာ ကုန်   လွှဲအပ်ခြင်းခံရသော   နီပေါ သံအမတ်ကြီး   H.E. Mr. Harish-chandra Ghimire   အား   ယနေ့ ညနေ ၄ နာရီတွင်  နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ      ပူးပေါင်း ဆောင်ရွက်ရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက     သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ     မြန်မာ နိုင်ငံတော်ဆိုင်ရာ  အထူးအာဏာ ကုန် လွှဲအပ်ခြင်းခံရသော  နီပေါ နိုင်ငံ  သံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း  ပြော ကြားပြီး   မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား    ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး         မြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့်   ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍများအပါအဝင်      နှစ်နိုင်ငံ အကျိုးတူကဏ္ဍများအပြင် ဒေသ တွင်းနှင့်  နိုင်ငံတကာမျက်နှာစာ တို့တွင်   နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု       ပိုမိုမြှင့်တင်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရင်းနှီး ပွင့်လင်းစွာ       အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 သတင်းစဉ်