သီတဂူဆရာတော်ကြီး လှူဒါန်းသော မျက်စိခွဲစိတ်စက်ကိရိယာများ သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ တပ်ဆင်ပြီးစီး

 

သီပေါ အောက်တိုဘာ  ၂၀ 


ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အရှင်သူမြတ် ဩဝါဒ ခံယူလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်   ပဓာန နာယက   သီပေါသီတဂူစက္ခုဒါနဆေးရုံကြီး၏ တာဝန်ခံဆရာတော်  ဘဒ္ဒန္တပညာသီရိ   ဦးဆောင် ဦးရွတ်ပြုမှုဖြင့် လူမျိုးဘာသာမရွေး အခမဲ့မျက်စိခွဲစိတ်ကုသမှုလုပ်ငန်းများကို (၄၉) ကြိမ်မြောက် အဖြစ်  မျက်စိဝေဒနာရှင်ပေါင်း  ၃၁၈၃၉  ဦးကို ခွဲစိတ်ကုသပေးပြီးဖြစ်ကြောင်း သိရသည်။

 


အဆိုပါ   ပြည်သူ့အကျိုးပြု   မျက်စိကုသမှု လုပ်ငန်းများ    ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် စက္ခုဒါန(သီပေါ) ဆေးရုံတာဝန်ခံ ဆရာ တော်အနေဖြင့်  စစ်ကိုင်းသီတဂူဆရာတော်ကြီး ထံသို့  ကြွရောက်ဩဝါဒခံယူခဲ့ရာ  သီတဂူဆရာ တော်   အရှင်သူမြတ်က   သီပေါစက္ခုဒါနဆေးရုံ အတွက်     အမေရိကန်ဒေါ်လာ     တစ်သိန်း လေးသောင်းကျော်  မျက်စိခွဲစိတ်ကုသမှုဆိုင်ရာ  စက်ကိရိယာများနှင့်   ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းသဖြင့်       ဥက္ကာသီရိကုမ္ပဏီမှ အင်ဂျင်နီယာများ လာရောက်စမ်းသပ်တပ်ဆင် ပေးရာ ယနေ့  ပြီးမြောက်သွားပြီဖြစ်ပြီး  အကြိမ် (၅၀) မြောက် စက္ခုဒါနကုသရေးလုပ်ငန်းများ၌ အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း  တာဝန်ခံ ဆရာတော် ထံမှ သိရသည်။          

 

စိုင်း(သီပေါ)