မြန်မာ - တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်စေရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား  အောက်တိုဘာ ၂၀


ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီ နယ်စပ်ဂိတ်နှင့်       လွယ်ဂျယ် နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည်   စီးဆင်းရာတွင် လွယ်ကူလျင်မြန်ပြီး ပုံမှန်ပြန်လည် စီးဆင်းနိုင်ရေး    လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေး ကို   အောက်တိုဘာ   ၁၉  ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကျင်းပသည်။

 


လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင်   ကချင်ပြည်နယ်     မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေး  လုပ်ငန်းကော်မတီနာယက   ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန် က    နယ်စပ်ဂိတ်များမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့   ကုန်စည် များ၊       စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံ များ   တင်ပို့ရေး   လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စည်တင် ပို့မည့်   မော်တော်ယာဉ်များကို စနစ်တကျစိစစ် ဆောင်ရွက်သွား ရေး၊        ဒေသခံလုပ်ငန်းရှင်များ နစ်နာမှု  မရှိစေရေး၊     ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်း များနှင့်အညီ    စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊   ကြိုတင် ပြင်ဆင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ်   ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရေး     တိုက်တွန်း မှာကြားသည်။

 


ထို့နောက်   ပြည်နယ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေး ရာဝန်ကြီး   ဦးမျိုးဆွေက   နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုဆိုင်ရာ       ညှိနှိုင်း ဆောင်ရွက်မှုများနှင့်   စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး        လုပ်ငန်း ကော်မတီဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် များအသင်း၊              ပြည်နယ်သီးနှံ  စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့်  ကချင်တိုင်းရင်းသားစီးပွားရေး  လုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများက နှစ်နိုင်ငံကုန်စည်စီးဆင်း ရာတွင်    သီးနှံတင်ပို့မှုများနှင့် စပ်လျဉ်း၍    ညှိနှိုင်းဆောင်ရွက်ခဲ့မှု များ၊ မော်‌တော်ယာဉ်များ တစ်နေရာ ထဲတွင်   စနစ်တကျ     စိစစ်နိုင်ရေး စီမံဆောင်ရွက်မည့်  အစီအမံများ နှင့်      တစ်သျှူးငှက်ပျောအပြင် တခြားသီးနှံ        ထုတ်ကုန်များကို နယ်စပ်ဂိတ်များတစ်ဆင့်  တင်ပို့ ဆောင်ရွက်ရာတွင်   ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ           စစ်ဆေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ယခင်နှစ်များမှ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊    လိုအပ်ချက်များ အပေါ် သုံးသပ်ဆွေးနွေးတင်ပြကြပြီး နှစ်နိုင်ငံညှိနှိုင်း ပေါင်းစပ်ပေးရမည့် ကိစ္စရပ်များကို   ဆွေးနွေးတင်ပြခဲ့ကြ သည်။

 


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် မျှမျှတတ ဖြင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာပြီး ကိုဗစ်စည်းကမ်းများ နှင့်အညီ        ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်သွားရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)