
ဂျကာတာ အောက်တိုဘာ ၂၀
အင်ဒိုနီးရှားနိုင်ငံ၌ ပြည်နယ် ၂၀ တွင် ပြင်းထန်သော ကျောက်ကပ် ထိခိုက်မှု ၂၀၆ မှုတွေ့ရှိကာ ၉၉ ဦး သေဆုံးပြီးနောက် ဈေးကွက် အတွင်း ပျံ့နှံ့ရောက်ရှိနေသော သံသယရှိ ချောင်းဆိုးအဖျားပျောက် ဆေးရည်အားလုံးကို ယာယီဆိုင်းငံ့ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးများတွင် ဩဂုတ်လနှောင်းပိုင်းမှစကာ ကျောက်ကပ်ပျက်စီး မှုနှုန်း တိုးလာခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်များကိုပေးသော ချောင်းဆိုး အဖျားပျောက်သောက်ဆေးရည်များတွင် ကျောက်ကပ် ပျက်စီးစေနိုင်သည့် ပါဝင်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင် များက ပြောသည်။
ထို့နောက် အစိုးရသည် သောက်ဆေးရည်များကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ အိန္ဒိယဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက တင်သွင်းသည့် ချောင်းဆိုးအဖျားပျောက်ဆေးရည် အမယ်လေးမျိုး တွင် ဒိုင်အီသိုင်လင်းဂလိုင်ကိုးလ်နှင့် အီသိုင်လင်းဂလိုင်ကိုးလ် ပါဝင်ပြီး ကလေးများ ကျောက်ကပ်ပျက်စီးသေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိ ဆေးအမယ်များအဖြစ် သတိထားရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့ သည်။
ဆင်ဟွာ