ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၂၀  


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး     ဒေါက်တာ ကံဇော် သည် မြန်မာနိုင်ငံဆိုင်ရာ  ဘယ်လာရုစ် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား  ယနေ့ မွန်းတည့် ၁၂  နာရီတွင်   နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား   ဆက်သွယ်ရေး ဝန်ကြီးဌာန     ရုံးအမှတ်   (၁)   ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု       ဖွံ့ဖြိုး တိုးတက်ရေး၊   ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ     ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ အသေးစား၊ အလတ် စားစက်မှု ပူးပေါင်းဆောင်ရွက် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ    ကိစ္စရပ် များအပေါ် နှစ်ဖက်ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။

 

 
တွေ့ဆုံပွဲသို့  ရင်းနှီးမြှုပ်နှံမှု  နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ      ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့သည်။                    

သတင်းစဉ်