
နေပြည်တော် အောက်တိုဘာ ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည် ထောင်စုဝန်ကြီးက သံအမတ်ကြီး အား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာ ကုန် လွှဲအပ်ခြင်းခံရသော နီပေါ နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြော ကြားပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား တည်ရှိသည့် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ရေး၊ ကုလသမဂ္ဂ နှင့် ဘင်းမ်စတက်အဖွဲ့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်