နေ့သင်တန်းများဖွင့်လှစ်ကြောင်း ကြေညာခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
ကြေညာချက်
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

၁။    သမဝါယမနှင့်  စီမံခန့်ခွဲမှုပညာတက္ကသိုလ်  (သန်လျင်)  ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့်  မဟာဘွဲ့သင်တန်း (အထူးပြုဘာသာရပ်အားလုံး)  (ဒုတိယနှစ်ဝက်) သင်တန်းများနှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမ နှစ်(ပထမနှစ်ဝက်)သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။    ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းအား (၂၇-၁၀-၂၀၂၂)ရက်နေ့၌ ဝန်ကြီးဌာန website https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website https://ucmt.edu.mm တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက ဖုန်းနံပါတ် ၀၉-၇၉၅၃၀၀၁၅၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါကြောင်း ကြေညာအပ်ပါသည်။    
    
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန