
နယူးဒေလီ အောက်တိုဘာ ၁၉
အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသရှိ ကေဒါရ်နတ်သို့ ဘုရားဖူးများ တင်ဆောင်လာသော ရဟတ် ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ခုနစ်ဦး သေဆုံးကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရဟတ်ယာဉ်မှာ အောက်တိုဘာ ၁၈ ရက်က အိန္ဒိယ နိုင်ငံ ဥတ္တရာခန်းပြည်နယ်၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ် မှူးအပါအဝင် ရဟတ်ယာဉ်ပေါ်ပါ ဘုရားဖူးခြောက်ဦးစလုံး သေဆုံး ခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့က ပြော သည်။
ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို အတိအကျ မသိရှိရသေးကြောင်းနှင့် ရာသီ ဥတုဆိုးရွားမှုက ထိုကဲ့သို့ ပျက်ကျ ရခြင်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။ ကေဒါရ်နတ်သည် ဘုရာဖူးများ အဓိကလာရောက် သည့် နေရာတစ်ခုဖြစ်ပြီး နှစ်စဉ် ဆောင်းရာသီတွင် ပိတ်သော ကြောင့် ဘုရားဖူးအများစုမှာ ယခုနှစ်ဘုရားဖူး ခွင့်ပြုစဉ်အတွင်း ကေဒါရ်နတ်ရှိ ဟိန္ဒူဘုရား ကျောင်းသို့ လာရောက်လည်ပတ် ကြကြောင်း သိရသည်။
အဆိုပါနေရာသည် မြင့်မား သော တောင်တန်းများကြားတွင် တည်ရှိပြီး ခရီးသည်အများစုမှာ မကြာသေးမီက ထိုနေရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကြ ကြောင်းလည်း သိရသည်။
အင်န်အိတ်ချ်ကေ