၂၀၃၆ နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကမ်းလှမ်းသွားရန် တောင်ကိုရီးယား စီစဉ်နေ

 

ဆိုးလ်   အောက်တိုဘာ  ၁၉


၂၀၃၆   ခုနှစ်တွင်   ကျင်းပမည့် နွေရာသီ      အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင် ရေး   ကမ်းလှမ်းသွားရန်   စီစဉ် နေကြောင်း    တောင်ကိုရီးယား နိုင်ငံ    ဆိုးလ်မြို့တော်အစိုးရက ပြောသည်။ 

 


၁၉၈၈ ခုနှစ်က ဆိုးလ်မြို့၌ လက်ခံကျင်းပခဲ့သော   နွေရာသီ အိုလံပစ်ပြိုင်ပွဲ၏ သင်္ကေတတစ်ခု ဟု ခေါ်ဆိုသည့် ဂျမ်ဆီးလ်အိုလံပစ်ကွင်းအနီးဝန်းကျင်ကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် မြို့တော်အစိုးရအနေဖြင့် ပြင်ဆင် နေကြောင်း   ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းက အောက်တိုဘာ ၁၈ ရက်တွင် ပြောသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် နောက်ထပ်   ကျင်းပပြုလုပ်မည့်        ဆိုးလ် အိုလံပစ်ပြိုင်ပွဲအတွက်  စတင်မှု အသစ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ၎င်းက ဆက်ပြောသည်။ 

 


အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့ (အေအင်န်အိုစီ) ၏ (၂၆) ကြိမ်မြောက် အထွေထွေညီလာခံ ကို အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ ဆိုးလ်မြို့၌ ကျင်းပနေ ပြီဖြစ်ကြောင်း သိရသည်။ ဆိုးလ် မြို့တော်ဝန်သည် လေးရက်ကြာ ပြုလုပ်မည့် အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့၏ အထွေထွေ ညီလာခံအတွင်း    အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့်   တွေ့ဆုံ သွားမည်ဖြစ်သည်။      

ဆင်ဟွာ