
လော့စ်အိန်ဂျလိစ် အောက်တိုဘာ ၁၅
နာဆာ၏ SpaceX မစ်ရှင်မှ အာကာသယာဉ်မှူး လေးဦးသည် ဒရက်ဂွန် အာကာသယာဉ်ဖြင့် အမေရိကန် အရှေ့တောင်ပိုင်း ပြည်နယ် ဖလော်ရီဒါသို့ အောက်တိုဘာ ၁၄ ရက်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ ကြောင်း နာဆာက ပြောသည်။
နာဆာမှ အာကာသယာဉ်မှူး များ ဖြစ်ကြသည့် ကီရယ်လင်းဒ် ဂရင်း၊ ဘော့ဟင်းနက်စ်၊ ဂျက်ဆီ ကာ ဝက်ကင်စ်နှင့် ဥရောပ အာကာသအေဂျင်စီမှ ဆမန်သာ ခရစ်တိုဖာတီတို့သည် ကမ္ဘာ မြေပေါ်သို့ လုံခြုံဘေးကင်းစွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ သည်။
အဆိုပါ အာကာသယာဉ်သည် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှ ည ၁၂ နာရီ ၅ မိနစ် တွင် ထွက်ခွာလာခြင်းဖြစ် သည်။ အာကာသယာဉ်ကို ဖလော်ရီဒါရှိ နာဆာ၏ကနေဒီ အာကာသ စခန်းမှ လွန်ခဲ့သောဧပြီ ၂၇ ရက် တွင်လွှတ်တင်ခဲ့ခြင်းဖြစ် သည်။
ဆင်ဟွာ