မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထားထုတ်ပြန်ချက်

 

(၁၂-၁၀-၂၀၂၂)
 ၁။    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အကြမ်းဖက်သမားများက  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့   လာရောက်ပစ်ခတ်ခဲ့မှုကြောင့်    ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို စိတ်နှလုံး မချမ်းမြေ့ဖွယ် ကြားသိရပါသည်။ 
၂။    ယခုကဲ့သို့  ကျိုက်ထီးရိုးဆံတော်ရှင်   မြတ်စွာဘုရားအား တက်ရောက်ဖူးမြော်ကြမည့်    အပြစ်မဲ့ဘုရားဖူးပြည်သူများကို လူမဆန်စွာပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်  အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ  တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)