
ဘန်ကောက် အောက်တိုဘာ ၁၄
ကိုဗစ် -၁၉ ကပ်ရောဂါကာလ အဆုံးသတ်သွား ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခရီသွားလာမှု အကြီးအကဲ က ပြောသည်။ ထိုင်းနိုင်ငံတွင် ယခုလအတွင်း နိုင်ငံခြားခရီးသွားများအတွက် နယ်စပ်တံခါးများ အပြည့်အဝ ပြန်ဖွင့်ပေးနေပြီဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် အိန္ဒိယမှ ခရီးသွားများကို အထူး ဆွဲဆောင်လျက်ရှိသည်။
အိန္ဒိယနိုင်ငံမှ ခရီးသွား များ ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောက်လာ စေရေးအတွက် နယူးဒေလီသို့သွားရောက်ကာ ခရီးသွားလာမှုနှင့်သက်ဆိုင်သည့်ပွဲများ ပြုလုပ်သွားရန် ရည်ရွယ်ထား သည်ဟု ထိုင်းနိုင်ငံခရီးသွားလာမှုဆိုင်ရာ အကြီး အကဲဖြစ်သူ ယူသန်ဆေ့ခ်ဆူပက်ဆွန်က အင်န်အိတ်ချ်ကေ သို့ပြောသည်။
အိန္ဒိယမှ ခရီးသွားများသည် ယခုအခါ ခရီးသွား လာမှု အများဆုံးအုပ်စုထဲမှ တစ်စုဖြစ်လာပြီး ယခု နှစ်အတွင်း အိန္ဒိယမှ ခရီးသွားတစ်သန်းနီးပါး ထိုင်းနိုင်ငံသို့ဝင်ရောက်လာမည်ဟု မျှော်လင့်ထား ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသို့လာရောက်သည့် ခရီးသွား လေးဦးလျှင် တစ်ဦးမှာ တရုတ်နိုင်ငံ သားဖြစ်သော် လည်း ယခုနှစ်တွင်မူ တရုတ်နိုင်ငံသည် ကိုဗစ် -၁၉ လုံးဝကူးစက်မှု မရှိစေရေး တင်းကျပ်သည့် စည်းကမ်းများချမှတ် လုပ်ဆောင်နေသည့်အတွက် ထိုင်းနိုင်ငံသို့ လာရောက်ရန် မလွယ်ကူပေ။
ထိုင်းနိုင်ငံသည် ဂျပန်နိုင်ငံသား ခရီးသွားများ အတွက် စိတ်ဝင်စားစရာကောင်းသည့် ခရီးသွားနေရာတစ်ခုဖြစ်နေဆဲဖြစ်သည်ဟု ခရီးသွားလာမှု ဆိုင်ရာ အာဏာပိုင်အဖွဲ့အကြီးအကဲက ပြောသည်။
ယခုနှစ် ကုန်ပိုင်းတွင် ခရီးသွား ၁၀ သန်း ထိုင်း နိုင်ငံသို့ လာရောက်ရန် မျှော်လင့်ထားကြောင်း လည်း ၎င်းက ဆက်ပြောသည်။ ၂၀၂၃ ခုနှစ်သို့ ရောက်လျှင် ခရီးသွား သန်း ၂၀ နိုင်ငံအတွင်း လာရောက်လည်ပတ်ရန် မျှော်လင့်ထားပြီး ယင်း အရေအတွက်မှာ ကပ်ရောဂါကာလ မတိုင်မီက အရေအတွက်၏ တစ်ဝက်မျှသာဖြစ်ကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ