
တိုကျို အောက်တိုဘာ ၁၃
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါးသည် ယခုဆောင်းရာသီ၌ ကိုဗစ်-၁၉ ရောဂါနှင့် တုပ်ကွေးရောဂါဖြစ်ပွား နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ရန် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်းအစိုးရများကို တိုက်တွန်းထားကြောင်း သိရသည်။
အစိုးရတာဝန်ရှိသူများသည် ရောဂါတစ်ပြိုင်နက် တည်း ဖြစ်ပွားနိုင်မှုနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရေး အစီအမံများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပသည်။
ပြည်သူများ လူမှုစီးပွားလုပ်ငန်းများ ပြန်လည် စတင်နိုင်စေရေး သေချာစေရန် အစိုးရကသိပ္ပံ နည်းကျ အထောက်အထားများကို အသုံးပြုမည်ဖြစ် ကြောင်း၊ တာဝန်ရှိသူများသည် အနာဂတ်တွင် ဖြစ်ပွားနိုင်သည့်ရောဂါများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်ရာတွင် ရှေ့တစ်လှမ်းတိုးရန် လိုအပ် ကြောင်း ဝန်ကြီးချုပ် ကီရှီဒါးက ပြောကြားသည်။
ကာကွယ်ဆေးထိုးခြင်း၊ အွန်လိုင်းဝန်ဆောင်မှု များနှင့် ကိုဗစ်-၁၉ မူဝါဒသစ်များ အကောင်အထည် ဖော်ခြင်းအပါအဝင် ဂျပန်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ချဲ့ထွင်ရန် အစိုးရက လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့်လက ကိုဗစ်-၁၉ လူနာများအတွက် ကန့်သတ်ချက်များ ဖြေလျှော့ရန် အစိုးရက ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ