
ဝါရှင်တန် အောက်တိုဘာ ၁၃
ဂျီ -၂၀ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာ ရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်သူများသည် ဝါရှင်တန် မြို့၌ အောက်တိုဘာ ၁၂ ရက် က နှစ်ရက်ကြာအစည်းအဝေး ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကမ္ဘာတစ်လွှား ငွေကြေးမတည် မငြိမ်ဖြစ်မှုများနှင့် ငွေကြေး ဖောင်းပွမှုများကြောင့် ဖြစ်ပေါ်လာ သည့် သက်ရောက်မှုများကို ဆွေးနွေးရန် စုဝေးခဲ့ကြခြင်းဖြစ် သည်။
အမေရိကန်၌ အတိုးနှုန်းဆက်လက်တက်နေခြင်းကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို နှေးကွေးစေနိုင်ပြီး နောက်ထပ် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ် လာနိုင်သည်ဟုလည်း ဆွေးနွေး ခဲ့ကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် မူဝါဒတင်းကျပ်မှုများကြောင့် ကမ္ဘာ့အနှံ့ လှိုင်းဂယက်များ ဖြစ်ပေါ်လာနိုင်သည်ကို သတိထား ရမည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဆူဇူကီးရှုနီချီက ပြောသည်။
ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများမှ ဂျီ- ၇ အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီးများသည် ယင်းနေ့အစော ပိုင်းကလည်း တွေ့ဆုံခဲ့ကြပြီးဖြစ် သည်။ ယခုနှစ်အတွင်း ကမ္ဘာ့အနှံ့ ငွေကြေး မတည်မငြိမ်ဖြစ်မှုများတိုးလာသည်ကို သတိထားရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ကြသည်။
အင်န်အိတ်ချ်ကေ