တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အတွင်း ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်၊ ပေါ်ဆန်းဆန်အချို့၊ မတ်ပဲ၊ ပဲစင်းငုံ နီနှင့် ကုလားပဲခြမ်းဈေးနှုန်များ ကျဆင်းလာသည်။

 


စားအုန်းဆီ


စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက် အထိ ရန်ကုန်အထိုင် ရည်ညွှန်းလက်ကားဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၆၆၀ နှုန်း ဖြစ်ပြီး တစ်ပိဿာ ငွေကျပ်  ၃၀  ဈေးထပ်ကျလာ သည်။

 


ပြင်ပစားအုန်းဆီ    အလှယ်ဈေးနှုန်းမှာ စက်တင်ဘာ ၂၈ ရက်တွင် လက်ငင်းလက်ကား တစ်ပိဿာကျပ်  ၇၅၀၀ နှုန်းသာရှိပြီး ဆီသား ၁၀ ပိဿာ သံပုံးတစ်ပုံး လက်ကားဈေးနှုန်းမှာ တံဆိပ် အပေါ်မူတည်၍ ငွေကျပ်  ၇၅၀၀၀  မှ  ၇၆၀၀၀ အတွင်းရှိကာ ကန်ဆီနှင့် ပုံးဆီ ဈေးနှုန်းတူနေသည်။

 


ဆန်


မိုးစပါးသစ်များကြိတ်ခွဲ၍   ဆန်ကြမ်းအသစ်များ ဈေးကွက်သို့ ဝင်ရောက်မှုများလာသည်။ စက်တင်ဘာ ၂၈ ရက်တွင်  ပြည်ပပို့ဆန်ကွဲတစ်အိတ်   ငွေကျပ် ၄၁၀၀၀/ ၄၂၀၀၀၊ မိုးဆန်ကြမ်းအသစ် တစ်အိတ် ငွေကျပ် ၄၂၀၀၀ / ၄၃၀၀၀၊  သီးထပ်ဆန်ကြမ်း အဟောင်း ငွေကျပ် ၄၅၀၀၀၊ ရက် ၉၀ ဆန်ကြမ်း ရှယ်အဟောင်း ငွေကျပ် ၄၉၀၀၀၊ ပေါ်ကျွဲတစ်အိတ် ငွေကျပ် ၅၄၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ငွေကျပ် ၉၂၀၀၀၊ မြောင်းမြပုသိမ်ပေါ်ဆန်းတစ်အိတ် ငွေကျပ် ၆၈၀၀၀/၇၀၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ် ငွေကျပ် ၆၂၀၀၀/ ၆၃၀၀၀ နှုန်း  ရှိနေသည်။  မြောင်းမြနှင့် ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင်   ငွေကျပ် ၂၀၀၀ စီ ဈေးကျလာသည်။

 


ပဲအမျိုးမျိုး


စက်တင်ဘာ ၂၈ ရက်တွင် မတ်ပဲ(FAQ/RC) တစ်တန် ကျပ် ၁၉၄၀၀၀၀၊ SQ/RC တစ်တန် ကျပ် ၂၂၉၅၀၀၀၊ ပဲစင်းငုံနီ  (Red/RC) တစ်တန် ကျပ်  ၂၀၉၅၀၀၀၊  ကုလားပဲခြမ်းတစ်ပိဿာငွေကျပ် ၄၁၂၅-၄၄၀၀ နှုန်း ရှိနေသည်။ ကုလားပဲခြမ်းဈေးမှာ ကျပ် ၄၄၀၀-၄၆၀၀ နှုန်းမှ ဈေးကျလာခြင်းဖြစ်သည်။ 

 


ကြက်သွန်နီ


စက်တင်ဘာလနောက်ဆုံးပတ်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်။  စက်တင်ဘာ ၂၈ ရက်တွင်  ဆိပ်ဖြူကြက်သွန်နီ  လက်ကား တစ်ပိဿာ ငွေကျပ်  ၂၄၀၀-၂၇၅၀ နှုန်း၊ မြင်းခြံကံဆင့် ငွေကျပ်  ၂၇၀၀-၃၂၀၀ နှုန်းရှိပြီး ဆိပ်ဖြူကုန်စည် ဈေးကွက်တွင် တစ်ပိဿာအမြင့်ဆုံးဈေး ငွေကျပ် ၂၅၅၀၊ ပခုက္ကူ ကုန်စည်ဈေးကွက်တွင် အမြင့်ဆုံး တစ်ပိဿာ ၂၇၂၅ ကျပ်နှုန်းသာ ရှိသည်။

 


ကြက်သွန်ဖြူ


ကြူကုတ်ကြက်သွန်ဖြူဈေး ထပ်မံကျဆင်းလာရာ စက်တင်ဘာ ၂၈ ရက်တွင် လက်ကားတစ်ပိဿာ ကျပ် ၃၈၀၀ နှုန်းသာရှိသည်။ ရှမ်းအောင်ပန်းကြက်သွန်ဖြူ မှာ လက်ကားတစ်ပိဿာ ငွေကျပ် ၂၈၀၀-၃၂၀၀-၃၅၀၀-၃၈၀၀ နှုန်း ရှိနေသည်။

 


အာလူး


တရုတ်အာလူးသည်လည်း ဈေးနှုန်းထပ်မံကျဆင်း လာရာ စက်တင်ဘာ ၂၈ ရက်တွင် လက်ကား တစ်ပိဿာ ငွေကျပ် ၁၉၅၀  နှုန်းသာရှိပြီး   ရှမ်း အောင်ပန်းအာလူးမှာ လက်ကားတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀- ၂၁၀၀ နှုန်းရှိနေသည်။

 


ငရုတ်


အသစ်ထွက်ပေါ်နေသော       ရမည်းသင်းနှင့် ပျော်ဘွယ်၊ သဲတော၊ သာစည်  မိုးထောင်ငရုတ် လက်ကားတစ်ပိဿာဈေး ငွေကျပ် ၁၅၅၀၀၊ ပန်းရဲ နှင့် မြားနီငရုတ်ရှည် အအေးခန်းထုတ်လက်ကား တစ်ပိဿာ ငွေကျပ် ၁၈၅၀၀-၁၉၀၀၀၊  မြစ်ဝကျွန်း ပေါ်ငရုတ်ရှည် ရိုးရိုးစ ငွေကျပ် ၁၄၅၀၀-၁၅၅၀၀၊  စိမ်းစားငရုတ်ပွရိုးရိုး ငွေကျပ် ၁၇၀၀၀၊ စိမ်းစား ငရုတ်ပွအအေးခန်းထုတ် ငွေကျပ် ၁၈၀၀၀၊ ဆင်ဖြူ ကျွန်းငရုတ်ပွအအေးခန်းထုတ် ငွေကျပ် ၁၈၅၀၀-၁၉၅၀၀၊ မြစ်ဝငရုတ်ပွအအေးခန်းထုတ် ငွေကျပ် ၁၉၀၀၀ နှုန်းရှိသည်။                    

 

အောင်ခင်နိုင်