မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

 

မိဘပြည်သူများအနေဖြင့်     အောက်ဖော်ပြပါ နိုင်ငံသားစိစစ်ရေးကတ်များနှင့်     အိမ်ထောင်စု လူဦးရေစာရင်း  ပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား  သက်ဆိုင်ရာ မြို့နယ်လဝက ရုံးများသို့        သွားရောက်ဖြေရှင်းဆောင်ရွက်နိုင် ကြောင်း အသိပေးအပ်ပါသည်-

 

၁။    နိုင်ငံသားစိစစ်ရေးကတ်
    (က)    နိုင်ငံသားစိစစ်ရေးကတ်     ပျောက်ဆုံး/ပျက်စီးနေသူများသည်     သက်ဆိုင်ရာ မြို့နယ်   လဝကရုံးများသို့   သွားရောက် သတင်းပို့ ဖြေရှင်းရမည်။
    ( ခ )    အသက် (၁၀) နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်  မပြုလုပ်ရသေး သော  သူများသည်   သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင်  သွားရောက်ပြုလုပ် ခြင်း၊   ပန်းခင်းစီမံချက်များဖြင့်   ပြုလုပ် ခြင်းများကို ဆောင်ရွက်နိုင်သည်။
    ( ဂ )    အသက်(၁၀)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေး ကတ်  ပြုလုပ်ပြီးသော်လည်း  သတ်မှတ် ထားသော  အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်ပါသည်။
    (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပါ      အချက် အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင်    သွားရောက်  ပြင်ဆင်ရမည်။
    ( င )    နိုင်ငံသားစိစစ်ရေးကတ်  တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင်        အမြန် သွားရောက်အပ်နှံရမည်။   (၁-၁၁-၂၀၂၂)ရက်နေ့အထိ   ကတ်အပိုများ အပ်နှံခြင်း မပြုပါက       နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ      အတည်ပြု၍ ယခင်ကတ်       အပိုများအား      ပယ်ဖျက် စာရင်းသွင်းပါမည်။
    ( စ )    အမျိုးသားမှတ်ပုံတင်      သက်သေခံ ကတ်ပြား (အမတ) ကိုင်ဆောင်ထားသူ များသည်  သက်ဆိုင်ရာ မြို့နယ်လဝကရုံး များတွင် သွားရောက်၍   နိုင်ငံသားစိစစ် ရေးကတ်သို့ ပြောင်းလဲရမည်။ (ပြောင်းလဲ ခွင့်ရှိသူများသာ)။
     (ဆ)    မိမိနိုင်ငံသားစိစစ်ရေးကတ်အား  အခြား သူတစ်ဦးမှ           ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက  သက်ဆိုင်ရာ  မြို့နယ် လဝကရုံးများတွင်  သွားရောက်သတင်းပို့ ရမည်။

 

၂။    ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ)
    (က)    ပုံစံ ၆၆/၆ (အထစ)  ပျောက်ဆုံး/ပျက်စီး နေသူများသည်    သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့  သွားရောက်သတင်းပို့ ဖြေရှင်းရမည်။
    ( ခ )    ပုံစံ ၆၆/၆  (အထစ)တွင်    ပါဝင်သော အိမ်ထောင်စုဝင်များသည်    နိုင်ငံသား စိစစ်ရေးကတ်ရရှိပါက နိုင်ငံသားစိစစ် ရေးကတ်အမှတ်အား   မြို့နယ်လဝက ရုံးများတွင်  မဖြစ်မနေဖြည့်သွင်းရမည်။
    ( ဂ )    ပုံစံ ၆၆/၆ (အထစ)  အချက်အလက်များ နှင့်   နိုင်ငံသားစိစစ်ရေးကတ်ပါ အချက် အလက်များ  ကွဲလွဲနေပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင်  သွားရောက် ပြင်ဆင်ရမည်။   (ဥပမာ-နိုင်ငံသားစိစစ် ရေးကတ်အမှတ်၊  အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်)။
    (ဃ)    ပုံစံ   ၆၆/၆    (အထစ)       (၁) ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ   မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်   သတင်းပို့ဖြေရှင်း ရမည်။ (ဥပမာ-ပုသိမ်တွင် အထစပြုလုပ် ထားသော်လည်း    ရန်ကုန်တွင်    အထစ ထပ်မံပြုလုပ်ထားရှိခြင်း)။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ  ပုံစံ ၆၆/၆ (အထစ) အပို များ      အပ်နှံခြင်းမပြုပါက      နောက်ဆုံး ထုတ်ယူထားသော   ပုံစံ  ၆၆/၆ (အထစ)ကိုသာ အတည်ပြု၍   ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်းသွင်း ပါမည်။
    ( င )    ပုံစံ ၆၆/၆ (အထစ)  အချက်အလက်များ (ပြောင်းဝင်/    ပြောင်းထွက်/   မွေးဖွား/သေဆုံးခြင်း)၊   ပြောင်းလဲမှုရှိသည့်အခါ တိုင်း သက်ဆိုင်ရာမြို့နယ်လဝကရုံးများ သို့ သွားရောက်၍ နောက်ဆုံးအခြေအနေ နှင့်အညီ   ပြင်ဆင်မှုများကို  ဆောင်ရွက် ရမည်။
    ( စ )    မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) မရှိ သေးသူများသည်     နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံ ချက်အရ စိစစ်ဆောင်ရွက်ပေးမည်။

 

၃။    လူဝင်မှုကြီးကြပ်ရေးနှင့်        ပြည်သူ့အင်အား ဝန်ကြီးဌာနမှ    e-ID  Biographic  Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့်    အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့်  သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့်   အခြားအသိအမှတ်ပြု ကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း များ   ကွဲလွဲခြင်း၊    အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ်လဝကရုံးများသို့   သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့်  သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန