
ဂျီနီဗာ စက်တင်ဘာ ၂၁
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကမ္ဘာကြီးသည် ကြီးမားသောကပ်ဘေးဒုက္ခ များနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိ ကြောင်း စက်တင်ဘာ ၂၀ ရက်က ပြောကြားသည်။
မိမိတို့ကမ္ဘာကြီးသည် ဒုက္ခရောက်နေပြီဖြစ် ကြောင်း၊ ကွဲလွဲမှုများ ပိုမိုကြီးထွားလာပြီဖြစ် ကြောင်း၊ မညီမျှမှုများလည်း ကြီးထွားသည်ထက် ကြီးထွားလာပြီဖြစ်ကြောင်း၊ ထို့အပြင် စိန်ခေါ်မှု များလည်း လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း ကုလသမဂ္ဂအကြီးအကဲက အထွေထွေစကား စစ်ထိုးပွဲမစတင်မီ ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ပြောကြားလိုက်သည်။
မိမိတို့သည် ကမ္ဘာတစ်ဝန်းပူးပေါင်းဆောင်ရွက် မှုများလုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဂူတာရက်စ်က ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် ကမ္ဘာလုံးဆိုင်ရာကမောက်ကမဖြစ်စဉ်များတွင် ရုန်းမထွက် နိုင်ဘဲ ပိတ်မိနေပြီး မိမိတို့ခေတ်၏ ကြီးမားသော စိန်ခေါ်ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့်မဖြစ်သေးကြောင်း ဂူတာရက်စ်က ဆက်လက်ပြောကြားသည်။ ဆင်ဟွာ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။