ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်သို့ ဒုံးကျည်များဖြင့် အစ္စရေး ပစ်ခတ်တိုက်ခိုက်

 

ဒမတ်စကတ်   စက်တင်ဘာ   ၁၇


အစ္စရေးနိုင်ငံသည်   စက်တင်ဘာ   ၁၆   ရက် သန်းခေါင်ယံနောက်ပိုင်းတွင်    ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်ရှိ စစ်စခန်းများသို့ ဒုံးကျည် များဖြင့်    ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်  ရုပ်မြင်သံကြား၏ ဖော်ပြချက် အရ သိရသည်။ 

 


ဆီးရီးယားလေကြောင်း  ကာကွယ်ရေးတပ်ဖွဲ့ သည် အစ္စရေးပစ်လွှတ်လိုက်သော  ဒုံးကျည်အများ အပြားကို  ပစ်ချနိုင်ခဲ့ကြောင်း  သိရသည်။ ထို့အပြင် အစ္စရေးသည်    ဒမတ်စကတ်မြို့   တောင်ပိုင်းရှိ ကျေးလက်ဒေသများကိုလည်း     ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရသော်လည်း  အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။ 

 


အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုသည် လက်ဘနွန် အခြေစိုက်ရှီးယိုက်လှုပ်ရှားမှုနှင့်    ဟဇ်ဘိုလာတို့ ရှိရာ    ဒမတ်စကတ်မြို့တောင်ပိုင်း    ကျေးလက် ဒေသနှင့် ဆေရီဒါဇိနက် ဒေသတို့ကို   ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း  ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။    

 

                                       
အစ္စရေးနိုင်ငံသည် ယခုနှစ်အတွင်း ဆီးရီးယား နိုင်ငံတွင်းသို့ ဒုံးကျည်ပစ်ခတ်မှု ၂၅  ကြိမ်  ပြုလုပ်ခဲ့ ပြီး   အစိုးရစစ်သား  ၂၇  ဦးသေဆုံးကာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ  ၂၃ ဦးရှိကြောင်း  သိရသည်။ ထို့အပြင်      အစ္စရေးနိုင်ငံ၏     အဆိုပါပစ်ခတ် တိုက်ခိုက်မှုအတွင်း  အဆောက်အအုံများ၊  ဂိုဒေါင် များ၊ ဌာနချုပ်များနှင့် ယာဉ်များအပါအဝင် ပစ်မှတ် ၇၃ ခုခန့်ကို    ထိခိုက်ပျက်စီးခဲ့ကြောင်း   အဆိုပါ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ဆင်ဟွာ