တရားမဝင် သစ်မျိုးစုံ၊ မီးသွေး၊ လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ  ၁၅


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်  ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင်  ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ   ၁၂  ရက်တွင်    ပဲခူးတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏   စီမံခန့်ခွဲမှုဖြင့်   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင် သောအဖွဲ့က မော်လမြိုင်မြို့မှ ကျောက်ပန်းတောင်း မြို့သို့   သွားရောက်မည့်   မော်တော်ယာဉ်  တစ်စီး ပေါ်၌  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၈၅,၀၀၀) နှင့်    အဆိုပါပစ္စည်းများ     တင်‌ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင် ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို   အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ   လည်း ကောင်း၊ စက်တင်ဘာ  ၁၅ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီ ခရိုင်များအတွင်း  တရားမဝင်သစ်မျိုးစုံ ၁၃ ဒသမ ၉၉၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅,၁၅၂,၀၈၄) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့      ဦးဆောင်သော       စစ်ဆေးရေးအဖွဲ့က   နတ္တလင်းမြို့နယ် ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင် အမှတ် (၁၃၈/၃) နှင့် (၁၃၈/၄) အကြား၌ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး      (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)   ကို    ပို့ကုန်သွင်းကုန်    ဥပဒေအရ လည်းကောင်း   စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၄၃၇,၀၈၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။

 


၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ဟင်္သာတ မြို့နယ်အတွင်း    တရားမဝင်        ကျွန်းတံခါးချပ် ၇ ဒသမ ၉၆၃၆    တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၄,၇၈၈)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ စက်တင်ဘာ ၁၃ ရက်တွင် အကောက် ခွန်ဦးစီးဌာန၊   စုံစမ်းစစ်ဆေးရေးနှင့်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ ဦးဆောင်သည့်  စစ်ဆေးရေးအဖွဲ့သည် သတင်းအရ မြဝတီ- ဘားအံ- ရန်ကုန်လမ်းကြောင်းတစ်လျှောက်     စစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ဇရပ်ကွင်းကျေးရွာ အမှတ် (၂) လမ်းဆုံအနီး ၌     မော်တော်ယာဉ်တစ်စီးပေါ်တွင်       သွင်းကုန် ကြေညာလွှာ (ID) ၌ ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၄၇၈,၃၆၆) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Hino Profia အမျိုးအစား ၁၂   ဘီး   ကုန်တင်ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်    ၆၀,၄၇၈,၃၆၆   ကို    ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် စက်တင်ဘာ ၁၄ ရက်တွင် ရခိုင် ပြည်နယ်   တရားမဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်    သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     သံတွဲမြို့နယ်နှင့်    တောင်ကုတ် မြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၈၅၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၈,၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့ နယ်အတွင်း  Yamaha  FZ  အမျိုးအစား   လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀ ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်အတွင်း Kenbo 125  အမျိုးအစား  လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး  ခန့်မှန်း တန်ဖိုးငွေကျပ်    ၁၅၀,၀၀၀    ကိုလည်းကောင်း၊ စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ်   ၆၅၀,၀၀၀   ကို ဖမ်းဆီးရမိခဲ့ပြီး    ပို့ကုန်သွင်းကုန်   ဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ     မကွေးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်    ပူးပေါင်းစစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မကွေးခရိုင်   နတ်မောက်မြို့နယ် အတွင်း တရားမဝင် မီးသွေး  ၃၇ ဒသမ ၃၀၆၀  တန် (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၅၀,၀၀၀)   နှင့်   အဆိုပါ မီးသွေးအိတ်များ တင်ဆောင်လာသည့် မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) စုစု‌ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၃၅၀,၀၀၀ ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


၎င်းအပြင်  စက်တင်ဘာ ၁၅ ရက်တွင်  ကရင် ပြည်နယ်   တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင် ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့်      အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၆၀,၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး    အကောက်ခွန်   လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍  စက်တင်ဘာ  ၁၂  ရက်၊  ၁၃ ရက်၊ ၁၄   ရက်နှင့်   ၁၅   ရက်နေ့တို့တွင်   ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၃၅၈,၉၃၈ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 
သတင်းစဉ်