
နေပြည်တော် စက်တင်ဘာ ၁၄
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက် ရှိသည်။
ဆက်လက်ပြသမည်
အဆိုပါ (၃၈) ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာ ပါဝင် သည့် အရိယသစ္စာန ဒဿနံ (အရိယသစ္စာတရား လေးပါးကို သိမြင်ခြင်း) အစီအစဉ်ကို စက်တင်ဘာ ၁၇ ရက် စနေနေ့ ည ၉ နာရီတွင် ဆက်လက်ပြသ မည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန် ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နက္ခတ်၊ ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊ ဓာတ်လင်း၊ ဖွေးဖွေး၊ ပန်းကဗျာနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ သတင်းအပြီးတွင် ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်