
နေပြည်တော် စက်တင်ဘာ ၁၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန် အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော မော်တော်ကား အပိုပစ္စည်းများနှင့် မိုဘိုင်းလ်ဖုန်း အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၇၇၅၀၀၀) ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင် လှည်းကူးမြို့နယ် မလစ်အနောက်ကျေးရွာ၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်ကျွန်းပါကေး အကြမ်းတုံးများ ၁ ဒသမ ၄၅၇၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၆၁၇၅၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၉၆၁၇၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၁၀ ရက်တွင် ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အကောက်ခွန်မဲ့ ကြမ်းခင်းဖယောင်းပုဆိုးများ ၅၅ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူး ခရိုင် ကျောက်တံခါးမြို့နယ် ဘိုင်းဒါးကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်၊ တောင်ပိန်းသစ်၊ သပြေသစ်၊ ပျဉ်းမသစ်နှင့် ထောက်ကြံ့သစ် ၅ ဒသမ ၈၁၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂ ၉၁၂) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၆ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈၉၆၉၆၆၄) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်