အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေး ညှိနှိုင်းဆွေးနွေး

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေး ညှိနှိုင်းဆွေးနွေး

 

==============================================

နေပြည်တော် ဒီဇင်ဘာ ၁၂

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဖောင်တော်ဦးဆရာတော်နှင့် IBEC ဆရာတော် အမှူးပြုသော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ဆရာတော် သံဃာတော်များ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ ရွှေမင်းသားဖောင်ဒေးရှင်း မြန်မာ၊ မြန်မာနိုင်ငံအထူးပညာရေးအသင်း၊ မသန်စွမ်းပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများသည် ခေတ်စနစ်အခြေအနေများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲနေပါကြောင်း၊ လူသားကောင်းယဉ်ကျေးမှု (Global Citizen Culture) သည် အရေးကြီးသကဲ့သို့ သင်ယူ ခြင်း၊ သင်ယူသည့် ယဉ်ကျေးမှု(Learning Culture) သည် လည်း အလွန်အရေးကြီးပါကြောင်း၊ လူတိုင်း အခြေခံ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်မည်ဆိုပါက တစ်သက် တာလုံး သင်ယူနိုင်မည် ဖြစ်ပါကြောင်း။

ဆရာတော် သံဃာတော် အရှင်သူမြတ်များအနေဖြင့် ကျောင်းနေအရွယ် ကလေးများ၊ လူပုဂ္ဂိုလ်များ၊ သာမဏေ၊ သီလရှင်၊ သံဃာတော်များအား တစ်သက်တာသင်ယူနိုင်ရေး အတွက် ဘုန်းတော်ကြီးသင်ပညာရေးဖြင့် ဆောင်ရွက်ပေး နေသည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များအပြင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ မြို့ပြကျေးလက်၊ ချမ်းသာဆင်းရဲ စသည်ဖြင့် မည်သည့်အကြောင်းကြောင့်မှ မခွဲခြားဘဲ သင်ယူမှု အခွင့်အလမ်းရရှိအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကလေးငယ်များ၏ သင်ယူ တတ်မြောက်မှုအရည်အသွေး ပိုမိုကောင်းမွန်ရေးအတွက် မိဘများ၊ မိဘဆရာအသင်းများ စသည်ဖြင့် ပူးပေါင်း ဆောင်ရွက်သည့် ယဉ်ကျေးမှုများ(Cooperation and Collaboration Culture) ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊၊

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြော ရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် ဆောင်ရွက်ရ မည့် ကိစ္စရပ်များကို တစ်ဦးနှင့်တစ်ဦး မေတ္တာ၊ ကရုဏာထား ပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် ဆွေးနွေးသည့် ယဉ်ကျေးမှု (Discussion Culture) သည် မွန်မြတ်ပါ ကြောင်း၊ သုတေသနယဉ်ကျေးမှု (Research Culture)၊ သုတေသန အချက်အလက်၊ အထောက်အထားများကို အခြေခံ၍ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 

ခေတ်နှင့်လိုက်လျောညီထွေသော ပညာရေးစနစ်များ သည် Industry 1.0 နှင့် Education 1.0 မှ Industry 4.0 နှင့် Education 4.0 ဟူ၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာနေပါကြောင်း။

ပညာရေးဖွံ့ဖြိုးမှုသည် စက်မှုဖွံ့ဖြိုးမှုထက် သာလွန်ပါ က ပြည်သူများ သာယာပြည့်ဝသည့်ဘဝများကို ပိုင်ဆိုင်နိုင် မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေးသင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် ဆရာ ဆရာမများကို သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ တိုင်းရင်းသားဒေသများတွင် ဦးစားပေး၍ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် မူလ တန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာသင်ယူ ပြီးမြောက်သူဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပါ ကြောင်း။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသား ၉,၇၁၆,၃၇၃ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသား ၃၁၅,၉၄၄ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ကျောင်းသား ၂၆၁,၉၂၂ ဦး ရှိလာပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေကျပ် ၇၉၄ ဒသမ ၄ သန်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း ကျောင်းသား ၁၄၃၁ ဦးတို့အား ငွေကျပ် ၉၁ ဒသမ ၂၇ သန်း ထောက်ပံ့ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ခုနစ်ချက်နှင့်ပြည့်မီသည့် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ ၅၆၆၂၇၄ ဦး ရှိပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်ကြရာတွင် စုပေါင်း အင်အားဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကို လည်း ကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅)မှ အခြေခံပညာကဏ္ဍကို လည်းကောင်း မိတ်ဆက်ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်၍ အခြေခံပညာ ကဏ္ဍ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ သိရှိလိုသည်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း (၆) နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမျိုး သားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အခန်း (၇) အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်