
နေပြည်တော် စက်တင်ဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ လွယ်မွေကျေးရွာအုပ်စု ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော် အတက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဗုဒ္ဓဥယျာဉ်အတွင်း ဆေးပေးခန်း ဆောက်လုပ်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မွန်းလွဲပိုင်းတွင် လွယ်မွေ မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဝင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း (လွယ်မွေ)သို့ ရောက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ ကို တွေ့ဆုံ၍ ကျောင်းအတွက် သင်ထောက်ကူ ပစ္စည်းများနှင့် အဆောက်အအုံလိုအပ်ချက်များ အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း၊ ကျောင်းအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလို ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမ၌ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဝန်ထမ်းများ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ် စပ်ဒေသ တိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တို့မှ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများနှင့် တွေ့ဆုံ ပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ အားကစား ဝတ်စုံများ ထောက်ပံ့ပေးအပ်ကာဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် သင်တန်း ကျောင်းဝင်းများအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မှ အကောင်အထည်ဖော်ဆောင် ရွက်ထားသော ကျိုင်းတုံမြို့နယ်နမ့်ခင်ချောင်းဝဲ/ယာတွင်နေရောင် ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုလေ့လာ သည်။ ယင်းနောက် မိုင်းခတ်မြို့ဝမ်ခုတ်ကျေးရွာတွင် နယ်စပ်ရေး ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီး ခဲ့သည့် နမ့်လွေချောင်းမှ ဆိုလာ စနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုး ရေးလုပ်ငန်း (Pilot Project) ဖြင့် သီးထပ်သီးညှပ်များ တိုးချဲ့ စိုက်ပျိုးနိုင်မည့် အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မိုင်းခတ်- မိုင်းညှင်းလမ်းပိုင်း ၂၂/၀ မိုင်ကို ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မွန်းလွဲပိုင်းတွင် မိုင်းခတ်မြို့ နယ် ဖာလံကော်ကျေးရွာအုပ်စုတောင်သုံးလုံးကျေးရွာ၌ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ဆိုလာစနစ် ဖြင့် ချောင်းရေတင်စိုက်ပျိုးရေး လုပ်ငန်းကို သွားရောက်လေ့လာ ကြည့်ရှုပြီး တောင်သူများအား သီးထပ်သီးညှပ်များ စဉ်ဆက် မပြတ် စိုက်ပျိုး၍ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ကြ ရေး တိုက်တွန်းအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ၂၀၂၁ -၂၀၂၂(၆) လ ဘဏ္ဍာကာလ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သည့် ကျိုင်းတုံမြို့နယ် ကတ် ထိုက် ကျေးရွာအုပ်စု မက်ကျန်း- တုံကွမ်ရွာတွင်းလမ်း ပေ ၂၃၁၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် နမ့်အောချောင်း ၂၅ ပေ ကွန်ကရစ် တံတား တစ်စင်း တည်ဆောက် ခြင်းလုပ်ငန်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသခံ တိုင်းရင်းသား ပြည်သူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်း ထောက်ပံ့ခဲ့ကြသည်။ ဆက်လက် ၍ ကတ်ထိုက်ကျေးရွာအုပ်စု ကတ်ထိုက် - လွယ်ပန်တောင်း- အင်ဂိုလုံလမ်း ၃၃ မိုင် ၅ဖာလုံ ပေါ်တွင် ၁ မိုင် ၄ ဖာလုံ ကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်