ပေါင်းတည်မြို့နယ်၌ ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

 

ပေါင်းတည်   စက်တင်ဘာ   ၈


ပဲခူးတိုင်းဒေသကြီး    ပေါင်းတည် မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မြို့နယ်အဆင့်          နိုင်ငံတကာ စာတတ်မြောက်ရေးနေ့   အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ပေါင်းတည် အ.ထ.က ကျောင်း ပညာရတနာခန်းမ၌    ကျင်းပခဲ့ ကြောင်း သိရသည်။

 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးမျိုးသန့်က အမှာစကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး  ဆရာကြီး ဦးအာဂျူးက  အမှာစကားပြော ကြားရာတွင်   နိုင်ငံသားအားလုံး စာတတ်ရန်လိုကြောင်း၊  စာတတ်မှ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံသားတိုင်း   အခြေခံပညာ အဆင့်အလိုက် သတ်မှတ်ကာလ အတွင်း ပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်    ကလေး အားလုံးကျောင်းနေရေး သက်ဆိုင် ရာအာဏာပိုင်     အဖွဲ့အစည်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ပညာရေးဝန်ထမ်းများနှင့်  မိဘ ပြည်သူများအားလုံးက   ဝိုင်းဝန်း ကူညီပေးကြရန်     ပြောကြားခဲ့ သည်။

 


ထို့နောက်       နိုင်ငံတကာ စာတတ်မြောက်ရေးနေ့     အထိမ်း အမှတ် မြို့နယ်အဆင့်စာစီစာကုံး ပြိုင်ပွဲတွင်   အထက်တန်းဆင့် ဆုရရှိသူများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့် က လည်းကောင်း၊ အလယ်တန်းဆင့် ဆုရရှိသူများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် (၁)     ဗိုလ်မှူး ဝင်းကိုကိုနိုင်က  လည်းကောင်း  ဆုများ    ချီးမြှင့်ခဲ့ကြောင်း   သိရ သည်။


အေးအေးဆင့်(ပြန်/ဆက်)