
သီပေါ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အိမ်ရှင်မများ သက်သာချောင်ချိ ရေးကို ရှေးရှုလျက် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှူး ဒေါ်ခင်နီလာစိုးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဆပ်ပြာဆီဖော်စပ်မည့် ပစ္စည်းများ ၏ အကျိုးအာနိသင်နှင့် ဘေးထွက် ဆိုးကျိုးများအကြောင်းကို ရှင်းလင်း ပြောကြားပြီး ဘက်စုံဆပ်ပြာဆီ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့် ကို လက်တွေ့ပြသရာ သင်တန်းသား များက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုသည်။
အဆိုပါ ဘက်စုံသုံး ဆပ်ပြာဆီ သင်တန်းသို့ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဖွဲ့စည်းထားသော အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ကွန်ပျူတာ အခြေခံသင်တန်းနှင့် အိမ်တွင်းမှု သင်တန်းများ ကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်း(သီပေါ)