အင်္ဂလန်ဘုရင်မကြီး အယ်လီဇဘက်-၂ အနိစ္စရောက်ကြောင်း ဘတ်ကင်ဟမ်နန်းတော်က ကြေညာ

 

လန်ဒန်   စက်တင်ဘာ    ၈ 


အင်္ဂလန်နိုင်ငံတွင် နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီး အယ်လီဇဘက်-၂ သည် သက်တော် ၉၆ နှစ် အရွယ် နန်းသက် နှစ် ၇၀ တွင် စကော့တလန်ရှိ ဘယ်လ်မိုရယ်ရဲတိုက်၌ အနိစ္စရောက်ခဲ့ပြီဖြစ်ကြောင်း ဘတ်ကင်ဟမ်နန်းတော်က သတင်းထုတ်ပြန်လိုက်သည်။ 

 


ယနေ့နံနက်ပိုင်းက နောက်ထပ်  ဆေးဘက် ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ  ပြုလုပ်ပြီးနောက်  ဘုရင်မကြီး၏   ဆရာဝန်များသည်   ကျန်းမာရေး အပေါ်    စိုးရိမ်ပူပန်ခဲ့ကြပြီး ဘုရင်မကြီးအနေဖြင့် ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူရမည်ဖြစ် ကြောင်း    မှတ်ချက်ပြု      ပြောကြားခဲ့သည်ဟု    ဘတ်ကင်ဟမ်နန်းတော်က    ၎င်း၏ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။ 
ဘုရင်မကြီး၏ မိသားစုများသည် ၎င်း၏ စံအိမ် တော်၌ စုရုံးခဲ့ကြပြီး ဘုရင်မကြီး၏ ကျန်းမာရေး အခြေအနေအပေါ် စိုးရိမ်ပူပန်ခဲ့ကြသည်။ 

 


 ဘုရင်မကြီးသည်  ၁၉၅၂ ခုနှစ်တွင် ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့ပြီး လူမှုရေးရာအပြောင်းအလဲ ကြီးများကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ဘုရင်မကြီး ၏ အကြီးဆုံးသားဖြစ်သူ ဝေလမင်းသား ချားလ်စ် က ဘုရင်အဖြစ် နိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ပြီး ဓနသဟာယအဖွဲ့၏ အကြီးအကဲလည်း ဖြစ်လာမည် ဖြစ်သည်။

 


ဘတ်ကင်ဟမ်နန်းတော်   ကြေညာချက်တွင် ဘုရင်မကြီးသည် ယနေ့  နေ့လယ်ပိုင်းက ဘယ်လ် မိုရယ်တွင်  ငြိမ်းချမ်းစွာ  အနိစ္စရောက်သွားပြီဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

 


စက်တင်ဘာ ၆ ရက်က ဘယ်လ်မိုရယ်ရဲတိုက် ၌   ဘုရင်မကြီးသည်   တာဝန်မှထွက်ခွာတော့မည့် ဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင်၏   နုတ်ထွက်လွှာ ကို  လက်ခံခဲ့ပြီး ၎င်း၏နန်းစံသက်နှစ်  ၇၀  အတွင်း ပထမဆုံးအကြိမ်အဖြစ် လစ်ဇ်ထရက်စ်ကို ဗြိတိန် ဝန်ကြီးချုပ် သစ်အဖြစ် ခန့်အပ်ခဲ့သည်။  

ဆင်ဟွာ