လောင်စာဆီဈေးနှုန်းမြှင့်မည့် အစိုးရ၏ဆုံးဖြတ်ချက်အပေါ် အင်ဒိုနီးရှားပြည်သူတစ်ရပ်လုံး ကန့်ကွက်ဆန္ဒပြ

 

ဂျကာတာ စက်တင်ဘာ ၇ 


အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း    ပြည်သူများသည် လောင်စာဆီဈေးနှုန်းမြှင့်တင်မည့်  အစိုးရ၏ ဆုံးဖြတ်ချက်ကို     ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။ 

 


ထောင်ပေါင်းများစွာသော အလုပ်သမား၊ တက္ကသိုလ်ကျောင်းသားများသည်  ဂျကာတာ နှင့် တခြားမြို့များတွင် တနင်္လာနေ့ကတည်းက ဆန္ဒပြခဲ့ကြသည်။      ဆန္ဒပြသူများသည် လောင်စာဆီဈေးနှုန်းများကို  ၃၀  ရာခိုင်နှုန်း အထိမြှင့်တင်ရန် စနေနေ့က ကြေညာခဲ့သော ဆုံးဖြတ်ချက်ကို     ဖျက်သိမ်းရန်    အစိုးရကို တောင်းဆိုခဲ့သည်။

 


ကမ္ဘာလုံးဆိုင်ရာ  စွမ်းအင်အကျပ်အတည်း နှင့် ရင်ဆိုင်နေရချိန်၊  ငွေကြေး ဖောင်းပွမှုများ မြင့်တက်နေချိန်တွင်    အစိုးရက     ယခုလို လောင်စာဆီဈေးနှုန်းများ  မြှင့်တင်ရန်ဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်။ 

 


လောင်စာဆီဈေးနှုန်းများ မြင့်တက်နေ သော်လည်း ကားများနှင့် မော်တော်ဆိုင်ကယ် များသည် ဂျကာတာရှိ  ဆီဆိုင်တွင်  တန်းစီ စောင့်ဆိုင်းလျက်ရှိသည်။ တချို့ပြည်သူများ က       ထပ်ဆောင်းဝန်ထုပ်ဝန်ပိုးများသည် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

 


လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် တခြားကဏ္ဍများတွင်လည်း  ရိုက်ခတ်မှုများ ရှိကြောင်း အသက်  ၃၀  ဝန်းကျင်အမျိုးသား တစ်ဦးက ပြောခဲ့သည်။ 

 


ချမ်းသာကြွယ်ဝသူများကို အကျိုးဖြစ်ထွန်း စေမည့် ကြီးထွားလာသည့် ငွေကြေးထောက်ပံ့ မှုများကို ထိန်းချုပ်ရန် ယခုလို တိုးမြှင့်မှုလိုအပ် ကြောင်း  သမ္မတ  ဂျိုကို ဝီဒိုဒိုက  စနေနေ့က ရုပ်မြင်သံကြားတွင်       ပြောကြားခဲ့သည်။ ထို့အပြင် စုဆောင်းမှုအချို့ကို အမှန်တကယ် လိုအပ်လျက်ရှိသူများကို ကူညီရန် လူမှုရေး ဆိုင်ရာ    အကူအညီ     အထောက်အပံ့များ အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။ 

 


ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ငွေများ ထောက်ပံ့ရန်   နိုင်ငံတော်ဘဏ္ဍာငွေကို   ဦးစား ပေး    ဆောင်ရွက်သင့်ကြောင်း     ဂျိုကိုက ပြောသည်။ ယခုလိုအချိန်တွင် အစိုးရသည် ခက်ခဲသော    အခြေအနေအရပ်ရပ်အောက် တွင်  ဆုံးဖြတ်လုပ်ကိုင်နေရကြောင်း  ၎င်းက ပြောသည်။                        


အင်န်အိတ်ချ်ကေ