အဝေးထိန်းအာရုံခံစနစ်ဂြိုဟ်တုသစ်တစ်စင်း အာကာသထဲသို့ တရုတ်လွှတ်တင်

 

ကျိုးချွမ် စက်တင်ဘာ ၃


တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံစနစ်ဂြိုဟ်တုသစ်တစ်စင်းကို   အာကာသထဲသို့  နိုင်ငံအနောက် မြောက်ပိုင်း ကျိုးချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ  စက်တင်ဘာ  ၃ ရက်က   လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရ သည်။ 

 


Yaogan-3302 ဟု အမည်ရှိ အဆိုပါ ဂြိုဟ်တုကို လောင်းမာ့ချ်-၄ စီ   သယ်ဆောင်ရေး  ဒုံးပျံဖြင့် ပေကျင်း   စံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်းနှင့် ဂြိုဟ်တုပတ်လမ်းထဲသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကြောင်း  သိရသည်။

 


 အဆိုပါ ဂြိုဟ်တုကို သိပ္ပံနည်းကျ စမ်းသပ်မှု များ၊ မြေသယံဇာတစစ်တမ်းများ၊ သီးနှံအထွက်နှုန်း ခန့်မှန်းချက်နှင့်  သဘာဝဘေးအန္တရာယ် ကာကွယ် ရေးနှင့် ကယ်ဆယ်ရေး စသည့် နယ်ပယ်များတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်သည်။ 

 


(၄၃၅) ကြိမ်မြောက်ဖြစ်


အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံများ၏  (၄၃၅) ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။                                                                                                                   
ဆင်ဟွာ