
နယူးဒေလီ စက်တင်ဘာ ၂
အိန္ဒိယနိုင်ငံသည် နိုင်ငံတွင်း၌ တည်ဆောက်ခဲ့သော ၎င်း၏ ပထမဆုံးလေယာဉ်တင် သင်္ဘော သည် စက်တင်ဘာ ၂ ရက်က တပ်တော်ဝင်ခဲ့ကြောင်း နိုင်ငံ တကာ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
နိုင်ငံတွင်း တည်ဆောက်ခဲ့ သော အိုင်အင်န်အက်စ် ဗစ်ခရန့် ဟုခေါ်သည့် အဆိုပါ လေယာဉ် တင် သင်္ဘောသည် အလျား ၂၆၂ မီတာရှည်ပြီး တန်ချိန် ၄၃၀၀၀ ရှိသည်။ သင်္ဘော၏ ၇၆ ရာခိုင် နှုန်းကို ပြည်တွင်းမှ ရယူခဲ့သည်။ ထို့ပြင် အဆိုပါသင်္ဘောသည် အမ်အိုင်ဂျီ - ၂၉ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၃၀ ကို တင်ဆောင်နိုင်မည် ဖြစ်သည်။ ယခု တပ်တော်ဝင်ခဲ့သော လေယာဉ်တင် သင်္ဘောသည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည်။
နိုင်ငံတောင်ပိုင်း ပြည်နယ် ကီရာလာရှိကိုချီတွင် ကျင်းပသော သင်္ဘောတပ်တော်ဝင် အခမ်း အနားတွင် ဝန်ကြီးချုပ် နာရိန် ဒရာမိုဒီက မိန့်ခွန်းပြောကြား ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကြီးမားသည့် လေယာဉ်တင် သင်္ဘောကြီးများ တည်ဆောက် နိုင်သည့် နိုင်ငံများနှင့် ပူးပေါင်း ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုသင်္ဘော သည် ၂၁ ရာစုတွင် အိန္ဒိယနိုင်ငံ၏ ကြိုးစားအားထုတ်မှု၊ စွမ်းရည်၊ သြဇာအရှိန်အဝါနှင့် ကတိကဝတ် များကို သက်သေပြခဲ့ခြင်းဖြစ် ကြောင်း မိုဒီက ပြောကြားခဲ့သည်။
အင်ဒို- ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို အချိန် အတော်ကြာလျစ်လျူရှုခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါတွင် အဆိုပါဒေသများသည် အိန္ဒိယ နိုင်ငံအတွက် အဓိကကာကွယ်ရေးဦးစားပေးဒေသများဖြစ်လာပြီ ဖြစ်ကြောင်း၊ အင်အားတောင့်တင်း သော အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်း ပြီး လုံခြုံစိတ်ချရသော ကမ္ဘာကြီး အတွက် လမ်းခင်းပေးလိုက်ခြင်း ဖြစ်ကြောင်း မိုဒီကဆက်လက် ပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ