“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(က) ပွဲစဉ်(၁)ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်  ဩဂုတ် ၃၁ 


(၇၅)   နှစ်မြောက်    စိန်ရတုလွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော်ဂီတပွဲတော်”   Season-2 သီချင်းဆို ပြိုင်ပွဲကို  ပွဲစဉ် (၁၈) ပွဲဖြင့် စက်တင်ဘာ ၂  ရက်မှ  ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။ 

 


အဆိုပါပြိုင်ပွဲသို့   နေပြည်တော်၊   တိုင်း ဒေသကြီးနှင့်     ပြည်နယ်များမှ ရွေးချယ်ထား သည့်    ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အပတ် စဉ် သောကြာနေ့ညများတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးပြသမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင်      အကဲဖြတ်ဒိုင်များ အဖြစ်  အကယ်ဒမီချိုပြုံး၊  စန္ဒရားမျိုးနိုင်၊ တေးသံရှင်ခိုင်ဝါတို့က       လည်းကောင်း၊ အစီအစဉ်      တင်ဆက်သူများအဖြစ်    တေး သံရှင်/  သရုပ်ဆောင်ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ် တို့ကလည်းကောင်း      ဆောင်ရွက်ကြမည် ဖြစ်ပြီး       မြန်မာ့အသံတေးဂီတအဖွဲ့က တီးခတ်ပေးမည်ဖြစ်သည်။ 

 


ပြိုင်ပွဲ၏  ပထမဆင့် (Level -1) အုပ်စု (က) ပွဲစဉ်  (၁) ကို  စက်တင်ဘာ ၂ ရက်  (သောကြာနေ့)  ညတွင်  ယှဉ်ပြိုင်ကြမည် ဖြစ်ရာ    ကယားပြည်နယ်မှ ထက်ထက်ဝေ၊    ဧရာဝတီတိုင်းဒေသကြီးမှ လှလှမိုး၊ မကွေး တိုင်းဒေသကြီးမှ လပြည့်ထွန်း၊ နေပြည်တော် မှ   နုဝင်းအေး၊ ကရင်ပြည်နယ်မှ ချမ်းလေး၊ ပဲခူးတိုင်းဒေသကြီးမှလျှမ်းထက်ကို၊ စစ်ကိုင်း တိုင်းဒေသကြီးမှ  ဇင်လေး၊   မန္တလေးတိုင်း ဒေသကြီးမှ အောင်သက်ပိုင်မှူးနှင့် တနင်္သာရီ တိုင်းဒေသကြီးမှ စုစုထွေး စုစုပေါင်းပြိုင်ပွဲဝင် ကိုးဦးတို့ ၏   ပြဋ္ဌာန်းတေးသီချင်းများဖြင့် ယှဉ်ပြိုင်ကြပုံများကို  ယင်းနေ့ည  ၈  နာရီ သတင်းများအပြီးတွင်     MRTV - HD  မှ တိုက်ရိုက် Live  ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။            

 

သတင်းစဉ်