
တိုကျို သြဂုတ် ၃၁
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန သည် လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ အထိ ခွဲဝေချထားရန် တောင်းဆို လိုက်သည်။ အဆိုပါပမာဏသည် မှတ်တမ်းတင် ရလောက်သည့် အမြင့်ဆုံးကာကွယ်ရေး အသုံး စရိတ်ဖြစ်သည်။
လာမည့်ငါးနှစ်ကျော် ကာလ အတွင်း ဂျပန်နိုင်ငံ၏ ကာကွယ် ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ရန်အတွက် အဆိုပါ ကာကွယ်ရေး အသုံးစရိတ်ကို သြဂုတ် ၃၁ ရက်က တောင်းဆို လိုက်ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဌာန သည် တန်ပြန်တိုက်ခိုက်မှုများ တွင် အသုံးပြုနိုင်ရန်နှင့် အဝေးမှ ရန်သူ့ပစ်မှတ်များကို တိုက်ခိုက် နိုင်သည့် တာဝေးပစ်ဒုံးကျည် အသစ်များ ကျယ်ပြန့်စွာထုတ်လုပ် ရန် စီစဉ်ထားသည်။
ထို့ပြင် ထုတ်လုပ်မှုတွင် ဝေးလံခေါင်သီသော ကျွန်းများကို ကာကွယ်ရန် အဆင့်မြှင့်အသစ်ထပ်မံထုတ်လုပ်ထားသည့် မြေပြင် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့၏ သင်္ဘောဖျက်ဒုံးများနှင့် မြန်နှုန်း မြင့် လျှောပျံဗုံးများ (glidebombs) များလည်း ပါဝင်သည်။
ကာကွယ်ရေးဝန်ကြီး ဌာန သည် စုံစမ်းထောက်လှမ်းခြင်း နှင့် သတင်းအချက်အလက်များ ကို ရယူရန်အတွက်သာမက တိုက်ခိုက်မှုများကို လုပ်ဆောင် နိုင်ရန် လူလိုက်ပါခြင်းမရှိသည့် လေယာဉ်များကို တိုးတက် ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။
ထို့ပြင် ကာကွယ်ရေး ဝန်ကြီးဌာနသည် အေးဂျီစ်ဒုံးခွင်းဒုံး စနစ် တပ်ဆင်ထားသည့် ရေယာဉ် များကိုလည်း တည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါစနစ်သည် ဒုံးလက်နက်များနှင့် အသံထက် မြန်သည့် လျှောပျံဗုံးများကို ကောင်းမွန်စွာ တုံ့ပြန်ကာကွယ် နိုင်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ