အီရတ်၌ ရှီးယိုက်ခေါင်းဆောင်ကို ထောက်ခံသူများက အစိုးရအဆောက်အအုံများကို စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးသေဆုံး

 

ဘဂ္ဂဒက်   သြဂုတ်  ၃၀ 


သြဂုတ် ၂၉ ရက်က  အင်အားကြီးရှီးယိုက်ဘာသာရေးခေါင်းဆောင် မော့်တာဒါအယ်လ်ဆာဒါ၏ အမာခံ ထောက်ခံသူအင်အားစုများသည် ဘဂ္ဂဒက်ရှိ          အဓိကအစိုးရ အဆောက်အအုံများကို      စီးနင်း တိုက်ခိုက်ခဲ့ရာ    လူ ၁၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး    ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။

 


အီရတ်လုံခြုံရေး    တပ်ဖွဲ့များ သည်     မျက်ရည်ယိုဗုံးများနှင့် ကျည်ဆန်များကို      လေပေါ် ထောင်ပစ်ခတ်ခဲ့ပြီး        အစိုးရ အဆောက်အအုံများကို     စီးနင်း တိုက်ခိုက်သူများအား လူစုခွဲခဲ့ရ သည်။ ထိုအချိန်တွင်   ခံစစ်ဇုန်များ အတွင်း အမည်မသိသေနတ်သမား များ၏   ကြိုကြားပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း    ပြည်ထဲရေး ဝန်ကြီးဌာန၏      သတင်းရင်းမြစ် တစ်ခုတွင် ဖော်ပြခဲ့သည်။ 

 


ဆန္ဒပြသူများနှင့်    လုံခြုံရေး တပ်ဖွဲ့ဝင်    အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး    လူဒါဇင်အတော် များများ    ဒဏ်ရာရရှိခဲ့ကြောင်း    အဆိုပါ         သတင်းရင်းမြစ်တွင်   ဆက်လက်ဖော်ပြခဲ့သည်။ 

 


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေမဝင်မီ      ဆန္ဒပြသူများကို သမ္မတနန်းတော်နှင့်  ဝန်ကြီးချုပ် ဌာနချုပ်မှ   ဆုတ်ခွာသွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။   သို့သော် လည်း       သီတင်းပတ်ပေါင်း များစွာကြာသည့်   ဆန္ဒပြမှုများ သည်   ပြီးဆုံးသည်မရှိဘဲ အစိမ်း ရောင်နယ်မြေအဖြစ်    သတ်မှတ် ထားသည့်   နေရာရှိ  လွှတ်တော် အဆောက်အအုံတွင်  ဆက်လက် ဖြစ်ပွားခဲ့သည်။ 
ကာကွယ်ရေးဦးစီးချုပ် တစ်ဖြစ် လဲ   အီရတ်ဝန်ကြီးချုပ် မူစတာ ဖာအယ်ကာ့ဒ်ဟီမီက    လုံခြုံရေး တပ်ဖွဲ့ဝင်များကို  ဆန္ဒပြသူများ အား လူစုခွဲရာ၌  ကျည်ဆန်အစစ် များ မသုံးရန်    အမိန့်ထုတ်ပြန်ထား သည်။     ထို့ပြင်   ၎င်းသည် အဓိကရုဏ်းတွင် သေဆုံးမှုဖြစ်စဉ် များနှင့်   ပတ်သက်ပြီး   စုံစမ်း စစ်ဆေးမှုများ   လုပ်ဆောင်သွား မည်ဟု ပြောသည်။        

ဆင်ဟွာ