ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စွမ်းအင်အကျပ်အတည်းက နျူကလီးယားစွမ်းအင်ကို ပြန်လည်အသုံးပြုဖို့ တွန်းအားပေးနေတာလား

 

လင်းဟန်သစ်

 

စွမ်းအင်တင်သွင်းမှု     ကုန်ကျစရိတ် များ   ကမ္ဘာတစ်ဝန်းမြင့်တက်လာပြီး ရာသီဥတု  ကပ်ဘေးကျရောက်နေချိန်၊ နိုင်ငံများအကြား  ကိုယ့်နည်းကိုယ့်ဟန်နဲ့ တခြားစွမ်းအင်    အရင်းအမြစ်တွေကို ကြိုးစားရုန်းကန်       ရှာဖွေနေချိန်မှာ နျူကလီးယား       စွမ်းအင်အပေါ် စိတ်ဝင်စားမှုဟာ          အမြင့်ဆုံးကို   ရောက်ရှိလာပါတယ်။ 

 


နျူကလီးယားစွမ်းအင်ဘက်ကို ပြန်လှည့်လာ 


ဂျပန်နိုင်ငံရဲ့    ၂၀၁၁    ဖူကူရှီးမား နျူကလီးယားဘေးဒုက္ခကြုံတွေ့ပြီးတဲ့နောက်မှာ နျူကလီးယားစွမ်းအင်အပေါ် ရင်းနှီးမြှုပ်နှံမှုများ    ကျဆင်းလာခဲ့ပါ တယ်။ ၂၀၁၁  ဖူကူရှီးမား နျူကလီးယား ဘေးဒုက္ခဟာ ၁၉၈၆ ခုနှစ်  ချာနိုဘိုင်း နျူကလီးယား   မတော်တဆမှုဖြစ်ပွားပြီး တဲ့နောက် ကမ္ဘာ့အဆိုးဆုံး နျူကလီးယား မတော်တဆမှု             ဖြစ်ခဲ့ပါတယ်။ နျူကလီးယားရဲ့   ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး    စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာပြီး  ကမ္ဘာ့အစိုးရတွေက လည်း ဒီအရေးကို ကြောက်လန့်နေကြပါ တယ်။ သို့သော်လည်း   ဖေဖော်ဝါရီလမှာ ရုရှား- ယူကရိန်းအရေးပေါ်  ဖြစ်ပေါ်ပြီး နောက်   စွမ်းအင်ထောက်ပံ့မှုအပေါ်   နောက်ဆက်တွဲ   ဖိအားပေးမှုတွေအပြင် ရုရှား ရဲ့      ရေနံနဲ့     သဘာဝဓာတ်ငွေ့ကို အသုံးမပြုဘဲ  ဖြတ်တောက်ဖို့  ဥရောပ ရဲ့      တိုက်တွန်းအားပေးမှုတွေကြောင့်  အခုတော့    နျူကလီးယားစွမ်းအင် ဘက်ကို      ပြန်လှည့်လာရပြီ  ဖြစ်ပါတယ်။ 

 


ဆုံးဖြတ်ချက်ချဖို့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရ 


ကမ္ဘာ့အစိုးရတွေလည်း လောင်စာ ဆီနဲ့ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှုတွေ၊ လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်မှုတွေ၊ စွမ်းအင်အရင်းအမြစ် ရှားပါးလာမှုတွေ ကြောင့်   အဲဒီအရေးတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ခက်ခဲမှုတွေနဲ့  ရင်ဆိုင် နေရပါတယ်။   ဒီအခြေအနေတွေက   ဒီနှစ်ဆောင်းတွင်းမှာ     ဒုက္ခပင်လယ် ဝေစေမယ့်     ခြိမ်းခြောက်မှုတွေ     ဖြစ်ပါ တယ်။
တချို့   ကျွမ်းကျင်သူတွေကတော့ နျူကလီးယားစွမ်းအင်ကို   ရွေးချယ်မှု တစ်ခုအနေနဲ့    မဆုံးဖြတ်သင့်ဘူးလို့ စောဒကတက်လျက်ရှိပါတယ်။ သို့သော် လည်း     တချို့ကတော့    ဒုက္ခအကျပ် အတည်းပေါင်းမြောက်မြားစွာနဲ့ ရင်ဆိုင် နေရတဲ့အခြေအနေမှာ     နျူကလီးယား စွမ်းအင်ဟာ       ကမ္ဘာ့စွမ်းအင်တွေကို ရောနှောပေါင်းစပ်ခြင်းရဲ့ တစ်စိတ်တစ် ဒေသအနေဖြင့် ရှိသင့်တယ်လို့ ပြောပြန် ပါတယ်။ 

 


ဂျပန်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်မယ် 


နျူကလီးယားစွမ်းအင်ကို ပြန်လည် အသုံးပြုဖို့ စဉ်းစားနေတဲ့ နိုင်ငံတစ်နိုင်ငံ ကတော့     ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နျူကလီးယား မတော်တဆမှုမှာ  ဘေး အန္တရာယ်ကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေ ကြောင့်   နျူကလီးယားဓာတ်ပေါင်းဖို အတော်များများ ရပ်ဆိုင်းသွားခဲ့ပါတယ်။  
ဒီတစ်ပတ်မှာတော့ ဂျပန်ဝန်ကြီး ချုပ်  ဖူမီယို  ကီရှီးဒါးက   ဂျပန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ကို ပြန်လည်လုပ် ဆောင်ဖို့ တိုက်တွန်းပြောကြားနေသလို နျူကလီးယားဓာတ်ပေါင်းဖိုအသစ်တွေ ထပ်တည်ဆောက်ဖို့လည်း   ပြောနေပါ တယ်။ 

 


နျူကလီးယားစွမ်းအင်
 ဖျက်သိမ်းဖို့ 


နျူကလီးယား     အရင်းအမြစ်ကို စွန့်ခွာဖို့ ကြိုးစားနေတဲ့ တခြားနိုင်ငံတွေ ကတော့ အဲဒီအစီအစဉ်တွေကို အကယ် ၍        ရေတိုဖြစ်ခဲ့မယ်ဆိုရင်တောင် ဖျက်သိမ်းဖို့  ဆန္ဒရှိနေပါတယ်။  ရုရှား- ယူကရိန်းအရေးဖြစ်ပေါ်ပြီး   တစ်လ မပြည့်မီမှာပဲ  ဘယ်လ်ဂျီယံဟာ ၂၀၂၅ ခုနှစ်မှာ       နျူကလီးယားစွမ်းအင်ကို  ဖျက်သိမ်းဖို့  သူ့ရဲ့  အစီအစဉ်ကိုဆယ်စုနှစ် တစ်စုလောက်နောက်ဆုတ်ခဲ့ရပါတယ်။ 

 


၂၀၅၀ မတိုင်မီ နှစ်ဆလောက်ထုတ်လုပ်လာမယ် 


ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၂ နိုင်ငံ မှာအသုံးပြုနေတဲ့ နျူကလီးယားစွမ်းအင် ဟာ ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုရဲ့ ၁၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေ တယ်လို့ ၂၀၁၁ နျူကလီးယား မတော် တဆမှုနောက်ပိုင်း     ပထမဆုံးအကြိမ် အဖြစ်     နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) က   သူ့ရဲ့ ခန့်မှန်းချက်ကို ဖော်ပြခဲ့ပါတယ်။ 
နျူကလီးယားစွမ်းအင်   အသုံးပြုဖို့ အခြေအနေပေးမှုနဲ့အတူ ၂၀၅၀ မတိုင်မီ နှစ်ဆလောက်  ထုတ်လုပ်လာနိုင်မယ် လို့     အိုင်အေအီးအေက    ခန့်မှန်းခဲ့ပါ တယ်။ 

 


နျူကလီးယားစွမ်းအင်စက်ရုံသုံးရုံကို ပိတ်သိမ်းဖို့ အငြင်းပွား


ဥရောပရဲ့       အကြီးဆုံးစီးပွားရေး တည်ရှိရာ        ဂျာမနီနိုင်ငံမှာတောင် နျူကလီးယား       အသုံးပြုဖို့ဆိုတာ တားမြစ်ချက်တစ်ခုတော့ မဟုတ်တော့ ပါဘူး။ စွမ်းအင်အကျပ်အတည်းက ၂၀၂၂ မတိုင်မီ  နိုင်ငံရဲ့  နောက်ဆုံး နျူကလီးယားစွမ်းအင်စက်ရုံသုံးရုံကို ပိတ်သိမ်းဖို့ အချေအတင်          အငြင်းပွားမှုတွေကို ပြန်လည်ဖြစ်ပွားစေပါတယ်။ 
နျူကလီးယား စွမ်းအင်စက်ရုံသုံးရုံ ကို   ပိတ်သိမ်းရေး  မပိတ်သိမ်းရေးနဲ့ ပတ်သက်ပြီး      ဆုံးဖြတ်ချက်မချမီ  အမျိုးသားလျှပ်စစ်   ဓာတ်အားလိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးပို့နိုင်မှု  ရလဒ်ကို စောင့်ကြည့်ရဦးမယ်လို့   ဘာလင်က လွန်ခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ 

 


စွမ်းအင်အကျပ်အတည်းကိုဖြေရှင်းဖို့ ကောင်းမွန်တဲ့အဖြေမဟုတ် 


နျူကလီးယား    စွမ်းအင်ဘက်ကို ခြေဦးပြန်လှည့်တာက စွမ်းအင်အကျပ် အတည်းကို   ဖြေရှင်းဖို့  ကောင်းမွန်တဲ့ အဖြေတစ်ခုမဟုတ်ဘူးလို့ Greenpeace Germany  ရဲ့   ရာသီဥတုနဲ့စွမ်းအင် ပညာရှင် ဂျီရယ်လ်နူဘာက ပြောကြား လိုက်ပါတယ်။ 
နျူကလီးယားစွမ်းအင်ကို   ဂျာမနီ နိုင်ငံမှာ     လျှပ်စစ်စွမ်းအားအတွက် မဟုတ်ဘဲ အပူအတွက်အဓိကထားသုံး တဲ့အတွက် ရုရှားဓာတ်ငွေ့ကိုအစားထိုး ရာမှာ   အကန့်အသတ်ရှိနေဦးမှာဖြစ် တယ်လို့ သူက ပြောခဲ့ပါတယ်။ 

 


စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီနိုင်မယ် 


သို့သော်လည်း   အိုင်ဒီဒီအာရ်အိုင် ဉာဏ်ကြီးရှင်အဖွဲ့ရဲ့       ရာသီဥတုနဲ့ စွမ်းအင်ကျွမ်းကျင်ပညာရှင် နီကိုးလက်စ် ဘားမင်းန်က နျူကလီးယားစွမ်းအင်ကို ချဲ့ထွင်အသုံးပြုခြင်းဟာ         စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီ နိုင်တယ်လို့ ပြောပါတယ်။ 

 


နျူကလီးယားစွမ်းအင်ဟာ ကာဗွန် ဒိုင်အောက်ဆိုက်ကို   တိုက်ရိုက်မထုတ် လုပ်တဲ့အတွက်   ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကို ရှောင်ရှားဖို့အကောင်းဆုံးဖြစ်တယ်လို့ နျူကလီးယားထောက်ခံ အဖွဲ့တွေက ပြောနေကြပါတယ်။  
ကမ္ဘာတစ်ဝန်း     လျှပ်စစ်စွမ်းအား လိုအပ်ချက်က        မြင့်တက်လျက်ရှိရာ ကမ္ဘာ့နိုင်ငံ        အတော်များများက နျူကလီးယားစွမ်းအင်အတွက် အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆန္ဒရှိနေကြပါတယ်။       ။

ကိုးကား - အေအက်ဖ်ပီ