
တိုကျို ဩဂုတ် ၂၇
ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးများသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနား အတွက် အသုံးစရိတ်ကို ဩဂုတ် ၂၆ ရက်က အတည်ပြုလိုက်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားကို လာမည့်လတွင် ကျင်းပရန် စီစဉ်ထားကြောင်းနှင့် အခမ်းအနားအတွက် ခန့်မှန်းခြေကုန်ကျစရိတ် သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ကုန်ကျ စရိတ်များကို ဂျပန်အစိုးရက တာဝန်ယူသွား မည်ဖြစ်ပြီး ဧည့်သည် ၆၀၀၀ ဖိတ်ကြားရန် စီစဉ် ထားသည်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပန အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်တွင် တိုကျို မြို့ Nippon Budokan ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား ပြင်ဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို ခွဲဝေချ ထားပြီးဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် ငွေများကို နေရာငှားရမ်းခ၊ သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေအသုံးစရိတ်များအတွက် အသုံးပြုသွား မည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ