
ဂျကာတာ သြဂုတ် ၂၆
အင်ဒိုနီးရှားနိုင်ငံ စင်ထရယ်ကလီမန်တန်ပြည်နယ်ရှိ ဘာရီတိုမြစ်ကမ်းလွန်တွင် လှေတစ်စင်းနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးသွားသော အမှုထမ်းသုံးဦး၏ ရုပ်အလောင်းများကို အင်ဒိုနီးရှားကယ်ဆယ်ရေး သမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသအာဏာ ပိုင်တစ်ဦးက သြဂုတ် ၂၆ ရက်က ပြောကြားခဲ့သည်။
အမှုထမ်းလေးဦးလိုက်ပါလာသော လှေသည် ရေသန့်ပုံးများ သယ်ဆောင်လာခဲ့ကြောင်းနှင့် ဆိုးရွားသော ရာသီဥတုနှင့်ကြုံတွေ့စဉ် ကြီးမား သော လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုဒဏ်ခံခဲ့ရပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လှေအမှုထမ်းတစ်ဦးမှာ မြစ်တစ်ဖက်ကမ်းသို့ ရေကူးသွားခဲ့ပြီးနောက် အနီးရှိလူများက ကယ်တင် ခဲ့ကြောင်း သိရသည်။
လှေနစ်မြုပ်မှုဖြစ်စဉ်တွင် သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းများကို ကူးတို့ဆိပ်အနီး၌ ရွာသားများ က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘာရီတိုမြောက်ပိုင်းသဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ဒေသမီဒီယာသို့ ပြောကြားခဲ့သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို သြဂုတ် ၂၆ ရက် မတူညီသောအချိန်များတွင် တွေ့ရှိခဲ့ ကြောင်း ၎င်းက ပြောသည်။ ၎င်းတို့ကို လိုအပ် သည်များ ထပ်မံအတည်ပြုဖော်ပြနိုင်ရန် ဒေသ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ