လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိလာ

 

ဗီယန်ကျင်း    ဩဂုတ်   ၂၅


လာအိုနိုင်ငံ၌ ပထမရှစ်လအတွင်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူ    အရေအတွက်မှာ     ၂၀၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာန        က ထုတ်ပြန်ထားသည်။

 


လာအို  ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ     သတင်း အချက်အလက်နှင့်      ပညာရေး စင်တာမှ  ထုတ်ပြန်သော အစီရင် ခံစာတွင် နိုင်ငံအတွင်း သွေးလွန် တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားသူ  ၂၂၄ ဦးရှိပြီး စုစုပေါင်း ကူးစက် ခံရသူ  ၂၀၁၃၅    ဦးနှင့် သေဆုံးသူ   ၁၇ ဦးရှိကြောင်း မှတ်တမ်းတင် ထားသည်။

 


မြို့တော်     ဗီယန်ကျင်းတွင် ကူးစက်ဖြစ်ပွားသူ ၁၀၁၉၀ ရှိရာ  သွေးလွန်တုပ်ကွေး           ရောဂါ ကူးစက်မှု       အမြင့်ဆုံးဖြစ်ပြီး လွမ်နမ်သာမြို့တွင်    ကူးစက်သူ ၂၅၉၄ ဦးနှင့် အက်တက်ဖူပြည်နယ် တွင်   ကူးစက်သူ  ၁၂၆၁    ဦးရှိ ကြောင်း သိရသည်။
ရောဂါပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန်   နေအိမ်နှင့်   လုပ်ငန်းခွင် များတွင်  ဖြစ်နိုင်ခြေရှိသော ခြင် ပေါက်ပွားရာ         နေရာများကို ရှင်းလင်းရန်       ပြည်သူများအား တိုက်တွန်းထားသည်။

 


အကယ်၍ လူများဖျားနာပါက  သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင် သည်ဟု   သံသယရှိကာ   ဆေးရုံ တွင်  သွေးစစ်သင့်သည်ဟု လာအို ကျန်းမာရေးဝန်ကြီးဌာန          က ထုတ်ပြန်ထားသည်။  


   ဆင်ဟွာ