သီရိလင်္ကာတက္ကသိုလ်များ စက်တင်ဘာလတွင် ဖွင့်လှစ်မည်

 

ကိုလံဘို သြဂုတ် ၂၃ 


သီရိလင်္ကာတက္ကသိုလ် ခွင့်ပြုချက် ကော်မရှင်  (ယူဂျီစီ)က  နိုင်ငံတွင်း ရှိ   တက္ကသိုလ်များအားလုံးကို စက်တင်ဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်က ကြေညာခဲ့သည်။ 

 


ယူဂျီစီ      အရာရှိများနှင့် တက္ကသိုလ်များ၏ ဒုတိယအဓိပတိ များ သြဂုတ်၂၂ ရက်က ပြုလုပ် သည့်    အစည်းအဝေးအတွင်း အဆိုပါ       ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ယူဂျီစီ ဥက္ကဋ္ဌ ဆမ်ပါ့သ်အမရာတွန်ဂါက ပြောသည်။    အမရာတွန်ဂါက တက္ကသိုလ်များကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် တွင်  ပိတ်ခဲ့ရပြီး သင်တန်းများကို အွန်လိုင်းဖြင့်          သင်ကြားခဲ့ရ ကြောင်း   ပြောကြားသည်။ 

 


ယခု အချိန်သည် လူကိုယ်တိုင် သင်ခန်းစာများကို စတင်ရတော့ မည်အချိန်         ဖြစ်ကြောင်းနှင့် နောက်ထပ်  သင်ရိုးသစ်ဆိုင်ရာ လှုပ်ရှားမှုများကို  စတင်ရတော့ မည့်   အချိန်ဖြစ်ကြောင်း  အမရာ တွန်ဂါက ပြောသည်။  သင်တန်း မတက်ရောက်နိုင်သည့် ကျောင်း သားများသည်  အွန်လိုင်းမှဆက် လက်သင်ယူနိုင်ကြောင်း     အမရာ တွန်ဂါက ပြောသည်။  

ဆင်ဟွာ